Wednesday, December 17, 2014 By: မင်းနေဝေး

ဘာသာဗေဒမဲ့ခြင်း


စာတစ်လုံးစီမိတိုင်း  ဘယ်ဘက်ရင်အုံက တစ်ချက်နွေးတယ်

ကျွန်တော် ခပ်နွေးနွေးစာတွေ ရေးတယ် ...
စာမျက်နှာထက်မှာ
နှုတ်ခမ်းထက်မှာ
ဘ၀ ထက်မှာ ......

ရင်ခုန်သံမပီပြင်တိုင်း အလွမ်းကိုဖွဲ့ဆိုတယ်
မွေးကတည်းက
ပြီးတော့ ... ခုချိန်ထိ
ကျွန်တော် အခမဲ့ လွမ်းတယ် ....
ဘေလ်ဆောင်ပြီး လွမ်းတယ် ....

အဲ့လိုနဲ့ စာနဲ့ အလွမ်းတွေ   ကဗျာတွေဖြစ်ပြီး
ကျွန်တော့်ရဲ့ အတ္တတွေကို အရောင်တင်တယ်
အဖြူရောင်လိုလို
အမဲရောင်လိုလို
အချစ်ရဲ့  အရောင်လိုလို ....

တစ်ခါတစ်လေ
စိတ်ကစဥ့်ကလျားနဲ့ အော်ဟစ်
မာနတွေ အောက်မှာ
ဉာဏတွေ ပျောက်ဆုံး  ... တစ်အုံးအုံးနဲ့
ပြိုလဲပစ်လိုက်တယ် .....

အားရ  ပါးရ ပြိုလဲပြီးတိုင်း
စိတ်ကစဥ့်ကလျားနဲ့ အော်ဟစ်ပြီး
ကျွန်တော့်ရဲ့ အတ္တတွေကို အရောင်တင်တယ်
ရင်ခုန်သံ မပီပြင်တိုင်း အလွမ်းကိုဖွဲ့ဆိုတယ်
ပြီးတော့ ...
ကျွန်တော် ခပ်နွေးနွေး စာတွေရေးတယ် ။။။။။။။






မင်းနေဝေး

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....