Friday, March 6, 2009 By: မင်းနေဝေး

အရိပ် .........

တောမီးလောင်နေတာပါ
ငြိမ်းသတ်သူမဲ့
အစိမ်းသက်သက်နဲ့ပဲ
လောင်ကျွမ်းခံနေရတာ
ရင်ခွင်တစ်ခုလုံး ပြာဖြစ်သွားပါပေါ့ .. ချစ်သူ ..

တစ်ယောက်ထည်းလည်း
နေတတ်ခဲ့သလို
လူမသိ သူမသိလည်း
ကြေကွဲ တတ်ခဲ့ပါတယ်
နေခဲ့လိုက်တာကိုတော့
မင်း .. အပြစ်မဆိုပါနဲ့ ......

ငါလေ ..
တွေဝေခဲ့တာ မဟုတ်ပါဘူး
အသေအကျေ ခံစားခဲ့ပြီးမှ
နှလုံးသားကို
သေဒဏ် ပေးခဲ့ရတာပါ ....

ပေးဆပ်ခဲ့တာ မဟုတ်သလို
ရယူခြင်းလည်း မမည်ခဲ့ပါဘူး ...

ညချင်းအတူတူ
လကလေး လင်းရုံလောက်ပဲ
ငါ .. ဖြာလင်းခဲ့မိတာပါ ....

ချစ်သူရယ် ....
.....မင်းအနားမှာ
တိတ်တဆိတ်နဲ့ပဲ
ငါ ... အရိပ်တစ်ခုလိုရှိနေလိုက်ပါ့မယ်
မင်း .. မနက်ခင်းရဲ့ အလင်းရောင်အောက်
မရောက်ခင် အချိန်လေးအထိပေါ့ ကွာ ......

4 comments:

ရှမ်းမလေး said...

ကဗျာကိုဖတ်ပြီးတော့ သနားမိတယ် .. နောက်အားမလိုအားမရဖြစ်မိတယ်.. နောက်ဆုံးတော့ နားလည်ပေးတတ်သွားပါတယ်... :)

. said...

အင်း ..ဒါလေးကမိုက်တယ်.........
ကျွန်တော့် ခံစားချက်နဲ့လည်း ထပ်တူကျလို့
တော်တော် ကြိုက်တယ်...ဗျ..

. said...

နောက်တခေါက် ထပ်ဖတ်တာပါ.....
ဒီကဗျာလေး ကို တော်တော်ကြိုက်တယ်ဗျာ

. said...

ပီားးးးးး နောက်တခေါက်ပါ...

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....