Sunday, March 15, 2009 By: မင်းနေဝေး

ရူးသွပ်ခြင်း..............

လွမ်းလို့ပါ
အလွမ်းကဗျာတွေရေးတာ
ဖတ်ရ ရုံသက်သက်
ငါ ... ခြွေချပြခဲ့တာ မဟုတ်ဘူး ..

သြော် ........
မြေမှာခနေတော့လည်း
တန်ဖိုးတော့ဘယ်ရှိမလည်း
အလွမ်း ပန်း
အကြွေ ပန်း
အခုတော့လည်း
မနေတတ်တဲ့ပန်းပါ ဖြစ်ခဲ့ရပြီ ..........

အခြေတကျ မဟုတ်တော့လည်း
ငါ နေမပြတတ်တာပါ .......

မသေချာဘူးဆိုပေမယ့်
မရေရာတဲ့ ခံစားမှုတော့ မဟုတ်ခဲ့ဘူး ......

ဖြေသာမှု တစ်ခုအတွက်
တပ်မက်ခဲ့တဲ့ အိပ်မက်
အိပ်ရေး ပျက်ခဲ့ရုံလည်း မဟုတ်ခဲ့ဘူး ......

နှလုံးသား တစ်ထောင့်တစ်နေရာ .... မဟုတ်ဘူး
ရင်ခွင်တစ်ခုလုံး ... မဟုတ်သေးဘူး

ငါ့ဘ၀ ... လွန်တယ်လို့များထင်မလား ...

အဲ့ဒါကလေ
ချစ်တတ်သောသူများသာ
နားလည်တတ်သောစကားပါ ....

အ ဆုံး မ ရှိ ... တဲ့

2 comments:

Anonymous said...

ရူးပါ သွပ်ပါ ......... ကောင်းပါတယ် . ကောင်းပါဘူး
ဘာမှန်းကို မသိတာပါ ..............

ရှမ်းမလေး said...

ဘယ်လို စကားမျိုးပါလိမ့် ... :)

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....