Tuesday, March 17, 2009 By: မင်းနေဝေး

စိတ်စေရာ ....

တစ်သသနဲ့ပေါ့
မင်းရဲ့ အချစ်တွေကို တမ်းတပြီး
ငါ့ ရင်ခွင်ကို
ယုယနေရတာ .. ………..

မင်း ပြုသမျှ နုချင်နေတဲ့
ဟော ဒီ ရင်ခွင်ကလည်း
ငါ့ စကားကိုတောင်
တစ်စိမ်းတစ်ရံ လို
ဆက်ဆံချင်နေပြီ ………..

မနက်ဖြန်တွေကိုတောင်
ငါ့ ဆီရောက်လာမှာ ကြောက်မိတယ်………..
မင်းကို သတိရခြင်းတွေက
လာလာ နှိပ်စက်လို့လေ ………….

ကောင်မလေးရယ်
ကိုယ့်စိတ်ကိုယ်
မနိုင်တဲ့ အတူတူတော့
မင်းဆီမှာပဲ ငါ အပ်နှံပါရစေ ……

သိပ် မတောင်းဆိုပါဘူး
တစ်ဘ၀စာလေးပဲ
ထိမ်းသိမ်း ပေးပါလားကွာ ………….

နောင်ဘ၀အတွက်
ရေ စက်ကလေးပဲ ပါချင်လို့ပါ …………..


(တစ်မျိုးကြီးပဲ ဟာတာတာနဲ့ ... တစ်ခုခု လိုနေသလိုခံစားရတယ် ....... အချစ်ဆိုတာကိုက အဲ့လိုပဲ ထင်ပါတယ်နော် ....... )

2 comments:

ရှမ်းမလေး said...

နောက်ဘ၀ဆိုတော်ပီလား :P

. said...

နောက်ဘ၀ထိတော့ မစောင့်ပါနဲ့ဗျာ... :P

အင်းဗျာ အချစ်ဆို အဲလိုပဲနဲ့တူပါတယ်..

တခါတလေကျတော့ ပာာတာတာ

တခါတလေကျတော့ ရင်ဘတ်တခုလုံး

ဆို့နင့် ပြည့်ကြပ်နေတတ်တာဗျ

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....