Tuesday, May 5, 2009 By: မင်းနေဝေး

အချစ်စိတ် ဟူသည် ....

လိုအပ်ခြင်းပြည့်နှက်
သူ့မှာ.. ပိုင်ဆိုင်မှု မဲ့လည်း
အတ္တတွေက အထပ်ထပ် ...

လွဲမှားခြင်းကို တပ်မက်
သိနေပါလျှက်လည်း
မမြင်ကွယ်ပြု
အလိုလိုက်မှုတွေနဲ့ .. ပြည့်နေတယ် ...

ဖြေသိမ့်မှုကို
အကြိမ်ကြိမ်ကျောခိုင်း
ပိုင်ဆိုင်ဖို့ကြိုးစားရင်း
အဲ့ဒီစိတ်ကလေ
အသင်္ချေဘ၀မှာလေလွင့်
နေမြင့်လေ အရူးလင့်လေ ....

စေလိုရာစေပါစေ
စိတ်ဆိုတာကလေ ..
မြေပြင်မှာ နေပေမယ့်
နေ၀င်ချိန်တော့လည်း .. ရှိခဲ့မြဲ ....

သြော် .. လေရယ်
ညှင်းသွဲ့သွဲ့ ခိုဝင်နားလိုက်ပါ
အဲ့ဒီ အိပ်မက်တွေ
ဘ၀ကူးကောင်းခဲ့စေချင်တယ်လေ ......

1 comments:

. said...

တကယ် နေ့မြင့်လေ အရူးရင့်လေပဲလားးး ..

ပီားးပီားးး . .. ဂယ်လားးပာင် . . .

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....