Thursday, April 30, 2009 By: မင်းနေဝေး

....ခံစားမှုမျက်နှာဖုံး ....

နောက်ကျပြီဆိုတဲ့ အသိနဲ့
ရင်ခွင်တံခါးကိုဖွင့်ပြီး
အလင်းမဲ့ ငါ့နှလုံးသားကို
အားနာစွာနဲ့ပြုံးပြမိတယ် ...

ကံကြမ္မာဆိုတဲ့ စကားလုံးရဲ့
ဖိနှိပ်မှုတွေကြောင့်
ခေါင်းငုံ့လည်စင်းပြီး
အရှုံးပေးခဲ့ရတာဆိုရင်
မင်း ... ဟားတိုက်လှောင်ပြောင်လိမ့်မယ် ...

နောင်တစ်ချိန်မှာ
အဟောင်းများစွာကို အသစ်လုပ်ပြီး
စကားလုံးတစ်ပါတ်နွမ်းတွေနဲ့
မင်းရည်းစားလက်ကိုဆွဲပြီး
ပျက်ရည်မပြုပါနဲ့ချစ်သူ ....

လာခဲ့တဲ့လမ်းတစ်လျှောက်
အလွမ်းတွေတစ်ပွေ့တစ်ပိုက်နဲ့
အချစ်တွေ နှစ်ဆတိုးခဲ့တာပါ ...

အခုတော့လေ...
အရှုံးသမားဆိုတဲ့ ဝေါဟာရကိုခံယူပြီး
မနိုင်ခဲ့တဲ့ကိုယ်
အမုန်းသမားတွေထဲမှာ မပါချင်ဘူး ...

ဇါတ်လမ်းဆုံးတဲ့အထိပေါ့
မင်းကို .. ပြုံးပြနေပါ့မယ် .. ချစ်သူ ....

2 comments:

ရှမ်းမလေး said...

လာခဲ့တဲ့လမ်းတစ်လျှောက်
အလွမ်းတွေ တစ်ပွေ့ တစ်ပိုက်နဲ့
အချစ်တွေ နှစ်ဆတိုးခဲ့တာပါ...

ဇတ်လမ်းဆုံးတဲ့အထိပေါ့
မင်းကို ပြုံးပြနေပါ့မယ် ချစ်သူ ...

ခံစားရပါတယ်... :)

. said...

အင်းးပေါ့ . . . မနိုင်လို့ ရှုံးခဲ့ မှတော့ အမုန်း သမားးတွေ ထဲမှာလည်းး မပါချင်ပါဘူးးဗျာ . . . .

ထပ်တူထပ်မျှပါ bro . . :)

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....