Saturday, April 18, 2009 By: မင်းနေဝေး

့ ... သြော် ... ကံ

လွဲခဲ့ရတဲ့ဘ၀တွေ
ဟောဒီကမ္ဘာမှာ
ဘယ်လောက်များ .. များခဲ့ပြီလည်း ....

တကယ်ချစ်ခဲ့ကြသူတွေကို
ကံ မတိုက်ဆိုင်လို့ ဆိုရုံနဲ့
သနားချင်ယောင်ဆောင်
မြင်ရက်နဲ့ ဝေးနေစေတဲ့
အဲ့ဒီ လှည့်စားခြင်းတွေ ....

ငိုကြွေးခဲ့သူတွေရဲ့ မျက်ရည်တွေ
သေချာများ စုစည်းခဲ့မိရင်
ကံဆိုတဲ့ အရာရယ်
မင်းလည်းပဲ
မျက်ရည်မြုပ်ပြီး ... နောင်ဘ၀မှာ
အတောင်အလက်စုံစုံ နဲ့
ပျော်နေလောက်ရောပေါ့ ...

ကံဆိုတာလူက လုပ်တာပါဆိုရင်
မင်း ကိုလေ
အနေမခက်စေရပါဘူး
သေသေသပ်သပ်နဲ့ ထုတ်ပိုး
ချစ်သူဆီသာ လက်ဆောင်အဖြစ်
ပေးထားချင်လိုက်တော့တယ် ....

2 comments:

ရှမ်းမလေး said...

ကံဆိုတာလူက လုပ်တာပါဆိုရင်
မင်း ကိုလေ
အနေမခက်စေရပါဘူး
သေသေသပ်သပ်နဲ့ ထုတ်ပိုး
ချစ်သူဆီသာ လက်ဆောင်အဖြစ်
ပေးထားချင်လိုက်တော့တယ် ....
ှုI like this part... :)

. said...

ပာုတ်တယ်ဗျာ.... ကျွန်တော်လည်း အဲဒီ အပိုဒ်လေး ကြိုက်တယ်.....

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....