Saturday, April 25, 2009 By: မင်းနေဝေး

... နားခိုရာ ...

ခြောက်သွေ့နေတာပါ
အဲဒီအိပ်မက်မြစ်က
စီးဆင်းမှုမဲ့ ရက်စွဲတွေနဲ့ ...

နေထိုင်းရင်းနဲ့
လွင့်ပါးခဲ့တဲ့ စိတ်တွေ
ဘ၀ရဲ့ နောက်မှာ အရိပ်တွေလို
လွမ်းလွမ်းဆွေးဆွေး ကြေကွဲလို့ ....

ငါလည်းလေ
တမ်းတမှု ရက်စွဲတွေမှာ
ငါ့ အတိတ်ကို မြှုပ်နှံထားပါတယ် .....

နောက်လာမယ့်
ငါ့အလင်းရောင်တွေမှာ
မြူမှုန်ကင်းစေချင်လို့ပါ ...

အဲ့ဒီအလင်းရောင်တွေမှာ
ငါ့အတွက်
နားခိုရာ ရှိနေနိုင်တယ်လေ ..

နွေးထွေးသော ရင်ခွင်
ချိုမြိန်တဲ့ ရင်ခုန်သံနဲ့
ပျော်ရွှင်စရာကောင်းတဲ့
ချစ်ခြင်းများ ရနိုင်မလားလို့ပါ ......

တိတ်တဆိပ်မျှော်လင့်လို့ ............


( ဘယ်သူကများနားလည်ပေးနိုင်မှာလည်း )

2 comments:

ရှမ်းမလေး said...

ဟီး ဟီး ဟုတ်တယ် ... နားယည်ဝူးပဲရော...

. said...

မာနတွေကို ချပြ ဖို့ နေ့ရက်တွေဆီမှာ တိုကင်ယူဆဲပေါ့.............. :)

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....