Saturday, April 25, 2009 By: မင်းနေဝေး

လမ်း ....

ပုံပြင်တစ်ပုဒ်ပါ
အိပ်မက် သက်တန့်တွေထဲမှာ
ရင်ခုန်ခြင်းတွေကို
ခိုးကြောင်ခိုးဝှက်နဲ့
တိတ်တိတ်လေးထုတ်ပိုးနေတာ
လမင်းကို မျှော်ကြည့်ပြီး .......

အတိတ်တွေရိုင်းခဲ့တော့လည်း
ကြယ်အလင်းရောင်
ဝိုးတိုးဝါးတားတောင်
မော်မကြည့်ရဲ ...

စိုးထိပ်မိပါရဲ့
ခံစားချက်တွေ ပေါက်ထွက်ကုန်မှာ
ငါကိုယ်တိုင်က
မီးငြိမ်းတောင်တစ်လုံး ....

အဲ့ဒီ .. အရိပ်တွေထဲမှာပေါ့
ငါ့ကိုယ်ငါပြန်ရှာပြီး
တစ်ရေးနိုးနေရတာ
ချစ်မိခြင်းနောက် အပြေးတစ်ပိုင်းနဲ့.....

သြော် ...
စိတ်ကို လေလိုလွှင့်မိတော့လည်း
ခံစားပါစေတော့လေ
သခင့်ခြေရင်းမှာ
နောင်တမဲ့ ...

2 comments:

ရှမ်းမလေး said...

``စိတ်ကို လေလိုလွှင့်မိတော့လည်း
ခံစားပါစေတော့လေ
သခင့်ခြေရင်းမှာ
နောင်တမဲ့ ...´´
ကောင်းတယ်..... (Gold Roast ဟုတ်ဝူးနော် ကဗျာကိုပြောတာ :P)

. said...

ဖတ်ရင်းနဲ့ ပိုပို လွမ်းလာတယ်ဗျာ....

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....