Tuesday, April 14, 2009 By: မင်းနေဝေး

တစ်လမ်းသွား ...

ခုနှစ်ပြည်ထောင်မှာ
ကျော်ကြားခဲ့တဲ့ အိပ်မက်တော့
မဟုတ်ခဲ့ဘူး ....
ဟောဒီ ကောင်ရဲ့ နှလုံးသားမှာ
ထာဝရ ရှင်သန်နေမယ့်
ပန်းချီကား တစ်ချပ်ပါ .....

နှလုံးသားထက်
ဆေးတစ်စက်ကျတိုင်း
အချစ်လို့မြည်နေတာ
ကောင်မလေးရယ် ...
ရင်ခွင်တံခါးဖွင့်
မင်း ..နားထောင်ကြည့်စမ်းပါ ...

ပန်းချီသံစဉ်လေ
အချစ်တွေနဲ့ ရေးဖွဲ့ထားတာ
ဘောင်ကွပ်မရတဲ့
ခံစားချက်တွေနဲ့ ....

မှန်သားပြင်လို
မင်း .. မြင်နိုင်ပေမယ့်
ကျောခိုင်းထွက်သွားသူ ....

ဒီရင်ခွင် အချစ်ရူးကတော့
ခြားထားတဲ့ နံရံပါးပါးကို
အသွားထက်ထက်နဲ့ပဲ
ထိုးဖေါက်
ငါလေ .. မင်းအနားကို ရောက်ခဲ့ချင်ရဲ့ ....

သြော် ....
စည်းတစ်ဖက်ခြား .. ချစ်သူရယ် .....

2 comments:

ရှမ်းမလေး said...

ပန်းချီလည်း ဆွဲတယ်ပေါ့.... :P

. said...

တင်စားချက်တွေကတော့ လန်ထွက်နေတာပဲ

ဖုံးထားအုံးနော့ ပိာ

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....