Saturday, April 25, 2009 By: မင်းနေဝေး

... နှလုံးသားအမိန့် ....

ကောင်မလေးရယ်
မင်းကို ချစ်မိခြင်းတဲ့လေ
ငါ့နှလုံးသားမှာနေရာယူလာတာ
ငါ့ကိုယ်ငါတောင် မေ့လုမတတ် ..

နှလုံးသားကို မျက်ကွယ်ပြုပြီး
အဲ့ဒီ ရင်ခုန်ခြင်းကနေလေ
ပြေးထွက်ခဲ့ချင်ပါတယ် ....

ဝေးရာမှာ မနေနိုင်လို့
ဒီမျက်ဝန်း တစ်စုံကနေ
မိုးများရွာချခဲ့ရင်တောင်
ချစ်သူရယ် .. မင်းမစိုခဲ့စေချင်လို့
ငါမကြည့်ရက်ခဲ့ဘူးလေ ....

အရှုံးများတတ်တဲ့
ငါ့ကံကို
ငါကိုယ်တိုင် အလဲထိုး
အဲ့ဒီ စည်းဝိုင်းနဲ့ဝေးရာမှာ
ဘေးထွက်ထိုင်နေပါ့မယ် ...
ချစ်သူ ...

ငါကတော့လေ
မင်းနှလုံးသား ပြခန်းမှာ
အရန်လူနေရာက
ပါခွင့်ရရင်ပဲ
ပျော်ရွှင်နေမယ့်လူပါ .....

3 comments:

Anonymous said...

nice poem...:)

ရှမ်းမလေး said...

ဝေးရာမှာ မနေနိုင်လို့
ဒီမျက်ဝန်း တစ်စုံကနေ
မိုးများရွာချခဲ့ရင်တောင်
ချစ်သူရယ် .. မင်းမစိုခဲ့စေချင်လို့
ငါမကြည့်ရက်ခဲ့ဘူးလေ ....
........................
ဟဲ ဟဲ လုံးးးးဝဟတ်ကိုထိဒယ် ဂျာ.......... :P

. said...

အရှုံးများတတ်တဲ့
ငါ့ကံကို
ငါကိုယ်တိုင် အလဲထိုး
အဲ့ဒီ စည်းဝိုင်းနဲ့ဝေးရာမှာ
ဘေးထွက်ထိုင်နေပါ့မယ် ...
ချစ်သူ ...

ငါကတော့လေ
မင်းနှလုံးသား ပြခန်းမှာ
အရန်လူနေရာက
ပါခွင့်ရရင်ပဲ
ပျော်ရွှင်နေမယ့်လူပါ .....

ရင်ကို ထိချက်ပြင်းလွန်းတယ်ဗျာ... :)

စောင်းပြောနေသလားအောက်မေ့ ရတယ် ပီားးးးးးးးး

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....