Sunday, April 19, 2009 By: မင်းနေဝေး

ချစ်မိခြင်းအလွန် ….

ဘာ့အတွက်လည်း လို့ စဉ်းစားပြီး
ဘာ့ကြောင့်မှန်းမသိတဲ့
ခပ်တုံးတုံး အတွေးတွေနဲ့
မျက်စိအရှေ့က အရာကို
တည့်တည့် မကြည့်နိုင်ခဲ့ဘူး ….

ခပ်ပြင်းပြင်း အသက်ရှူသံတွေနဲ့
မနားတမ်း ပြေးလာခဲ့တာ
လမ်းဆုံးမှပဲ
မျှော်လင့်ချက်ဆိုတာ
ေ၀၀ါးသွားမယ့် ပုံရိပ်
အိပ်မက်တွေလို့များ
ပြောရက်လိုက်တဲ့ ကောင်မလေးရယ် ….

ရှင်းလင်းနေပါလျှက်နဲ့
ငါကိုယ်တိုင်က ရှုပ်ချင်နေတာ
တဖြည်းဖြည်းနဲ့ ဒီနွံထဲ
ငါ့ကိုယ်ငါ နှစ်မြုပ်နေတာ
ကောင်မလေးရေ
မိုးမလင်းခင်တော့ ငါ ……
နစ်မြုပ်သွားခဲ့ချင်တယ် ….

တွေဝေခြင်းမဲ့ ...
ချစ်ခြင်းတွေနဲ့ .....

2 comments:

ရှမ်းမလေး said...

Is it worth for you?

. said...

ဖြည်းဖြည်းပေါ့ bro ရယ်..

စိတ်ရှည်မှပေါ့ ....

တည့်တည့် မကြည့်ရဲရင်လဲ..

မခို့တရို့လေး ခိုးခိုးကြည့်နော်.. :P

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....