Tuesday, May 26, 2009 By: မင်းနေဝေး

ပေးဆပ်ချင်သူ

နှင်းဆီတစ်ခင်းပါ
ရင်ခုန်သံနဲ့ စိုက်ပျိုးထားတာ
အချစ်ပွင့်တွေ ... ယူ ....

လေသင့်ရာပါတဲ့
ဝတ်မှုန်
နင်ကလေ ...စိတ်ကို လွင့်ပါစေ သူ ....

မသွေတဲ့သစ္စာ
ငါကလေ
နေရာတကာမှာ
နင်မပါရင် .. အဓိပ္ပါယ်မဲ့ လူ....

စိတ်ကိုယူ
..နှလုံးသားကိုယူ
...အချစ်ကိုယူ
....ဘ၀ကိုယူ
ငါကလေ .. အဆုံးမဲ့ပေးဆပ်ချင်သူ ....

နှင်းဆီတစ်ခင်းနဲ့
ပန်းသက်ကြွေစေတဲ့ ကောင်မလေးရေ
နင်ပဲဆုံးဖြတ်
ချစ်ခဲ့တော် မူ ...

1 comments:

. said...

ရင်မောတယ် ပီားးပီားးးးးး

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....