Wednesday, August 5, 2009 By: မင်းနေဝေး

>>'' မမှီတဲ့ပန်း "<<

သြော် .....
ဒီပန်းတွေ အကုန် ပွင့်လန်းပါရဲ့
နွမ်းချင်တဲ့ ဒီစိတ်တွေ
အလွမ်းတွေ ကြောင့်များလာ ... ကောင်မလေးရေ .....

ကမ်းကုန်အောင် မလျှောက်လှမ်းရပေမယ့်
လမ်းကုန်အောင်တော့
ငါ ... လှမ်းလာပါ့မယ် .....

လမ်းကြုံပါလာတဲ့ ဒီအချစ်တွေကတော့
မင်း တစ်ယောက်အတွက်
သီးသန့်တဲ့လေ ......

ဒါပေမယ့်လည်းလေ ...
ခြေလှမ်းတိုင်း လေးလံ
လမ်းကုန်ရင်တောင် နင်ရှိတဲ့အရပ်က
ငါ့အတွက် ....
လှမ်းမမြင်နိုင်တဲ့ ကျွန်းရယ်တဲ့လေ .....

လွမ်းချင်သလိုသာ လွမ်းခွင့်ပြုပါတော့
နှုတ်ခမ်းညီ ပြုံးခဲ့ပေမယ့်
ဒီလမ်းတွေ ... ဒီလမ်းတွေက
ပန်းတွေ ခင်းခဲ့တာမှ မဟုတ်တာပဲ .....

ပန်းတစ်ပွင့်လေ
ဒီရင်ခွင်မှာ ဖူးပွင့်ခဲ့ပေမယ့်
နမ်းခဲ့ဖူးတဲ့ အနမ်းတွေက
လေထဲမှာပဲ လွင့်ပါးပျောက်ကွယ် ...

ငါလည်းလေ ...
မချစ်ခင်က လွမ်းနေသလိုပါပဲ
.. ကောင်မလေးရယ် .....

4 comments:

ငှက်ကလေး said...

ဗျိုးးး ကဗျာဆရာ မရောက်တာကြာလို့လာတယ် နေကောင်းလား ကဗျာစပ်နည်းလေး ဘာလေး သင်ပေးဗျာ အခုတော့ ဘာမှမစပ်တတ်လို့ခက်နေတယ် အဟက်

ရှမ်းမလေး said...

တစ်သက်တစ်ကျွန်းများ ကျနေတာလားမသိဘူးနော် ... ဟီး ဟီး စတာ သိလား ... :D

ငှက်ငယ်လေး said...

ဒီပန်းတွေ အကုန် ပွင့်လန်းပါရဲ့
နွမ်းချင်တဲ့ ဒီစိတ်တွေ
အလွမ်းတွေ ကြောင့်များလာ


အဲစာသားလေးကို ကြိုက်တယ် လိုအပ်တဲ့တစ်နေ့ သုံးခွင့်ပြုပါနော်

မယ့်ကိုး said...

ဆရာမောင်စိန်ဝင်း ကဗျာလေးဖတ်ရသလိုပဲ။
ကြိုက်တယ်။

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....