Saturday, August 29, 2009 By: မင်းနေဝေး

တရံရောအခါက သူငယ်ချင်းသို့ ..........

မတောင်းတပါဘူး ရရှိလာတဲ့ ကံတရားရဲ့လက်ဆောင်တစ်ခုလိုသဘောထားပြီး မြတ်နိုးခဲ့တာပါ .....
နောင်အနာဂါတ်ဆိုတာမှာ နေရာတစ်ခုပေးထားပြီး ဘ၀ရဲ့လျှောက်လှမ်းဖေါ်(ဆိုလိုတာ လက်တွဲဖေါ်မဟုတ်ဘူးနော် ) အဖြစ် အတွေးထဲမှာ မြင်ယောင်ခဲ့ဖူးတာပါ .... အဲ့ဒီခံစားချက်တွေကို အမြတ်တနိုးတန်ဘိုးထားပြီး ဒီနေ့ ဒီအချိန်ထိ မှတ်မှတ်ရရ ရွတ်ဆိုနေမိတာ ...... ကျွန်တော်မှားသလား ......

ဒီကမ္ဘာရဲ့တစ်နေရာမှာ ခံစားချက်တိုက်ဆိုင်တဲ့ လူနှစ်ဦး အတူရှိနေခွင့်ဆိုတာ မလွယ်ကူပေမယ့် တစ်နေရာစီက လူနှစ်ဦးကတော့ စိတ်ချင်းတော့လည်း ထပ်တူကျနိုင်ပါရဲ့လို့ ခံယူချက်တစ်ခု ....
ရူးရူးမူးမူး မဟုတ်ပေမယ့် ဦးတည်ချက်တစ်ခုထားခဲ့မိပါတယ် ... မျက်ဝန်းနှစ်ခုဆုံနိုင်ဖို့ပေါ့ ....

ခုတော့လည်း ရှည်ရှည်ဝေးဝေး မစဉ်းစားရပါဘူး .. အများသူငါလို လျှောက်ပြန်သံပေးနဲ့ အဲ့ဒီအတိတ်တွေက ရိုင်းခဲ့သလိုပဲ .... ကျွန်တော်ဆိုတဲ့ ကျွန်တော်တောင်  လေလှိုင်းထဲက သစ်ရွက်ငယ် တစ်ရွက် ....

မျက်နှာငယ်ငယ်နဲ့ အမြဲခေါင်းငုံ့နေခဲ့တာပဲ ... သန့်စင်တဲ့ ချစ်ခြင်းကို ၁၅၀၀ မကင်းဘူးလို့များ ထင်မှတ် နေသလား ... မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားနိုင်တဲ့ ဒီအတ္တတွေမှာ ခံစားချက်ခြင်းတိုက်ဆိုင်တယ် ဆိုတာ ....  လွမ်းမိရပါလား ...

ရင်ခုန်သံထပ်တူကျခဲ့တာ မဟုတ်ပါဘူး .. ဒီလမ်းကို အတူလျှောက်လှမ်းချင်ခဲ့တာပါ .. ဒီကမ်းမှာပဲ ရှိနေတဲ့ သူတွေလိုထင်မှတ်ခဲ့တာအတွက်တော့ ...  ငါ ..... စိတ်မကောင်းဘူး ....

လှမ်းနေမိတဲ့ ခြေလှမ်းတွေကို ရုတ်သိမ်းပါတယ်လေ ... မတူမတန် မျှော်မှန်းမိတယ်လို့ပဲ သဘောထားလိုက်ပါ ... ပင်မြင့်စံတဲ့ပန်းက လယ်သူမတစ်ယောက်ရဲ့ ဆံထက်မှာ မရှိခဲ့သလိုပေါ့ ....
နင့်အတွက်တော့ငါဟာ နင်သွားနေတဲ့လမ်းလောက် မချောမွှေ့တဲ့ ဆက်ဆံရေးရှိတဲ့လူပါ .....

လက်နှစ်ဖက်ရှိမှ  လက်ခုပ်သံထွက်နိုင်တာပါ .... အောက်ခြေက ငါ့အတွက် အဲ့ဒီအတိတ်တွေရိုင်းခဲ့ဘူးတာ ကိုပဲ စိတ်မခိုင်တစ်ခိုင်နဲ့ လွမ်းနေမိမှာတော့ အမှန်ပါပဲလေ ......

1 comments:

စိမ်း... said...

ရေးတေးတေးတော့ သိသလိုလိုပဲ...
သေချာသိလားဆိုတော့လည်း မသိပြန်ဘူး...

ဝမ်းနည်းနေတာလား ကြေကွဲနေတာလား ???
အခု ဘယ်ရောက်သွားလို့လဲဟင် သူက ???