Saturday, August 29, 2009 By: မင်းနေဝေး

> >>> မိုးမိနေတဲ့ နွေ >>

လေပြေတစ်ချက်မှာ
အနေခက်တယ်
နေရက်သူရယ် ......

နွေတစ်ရက်ပေမယ့်
အကြွေခက် လွမ်းသူက
ဒီရင်ခွင် အပူကို
ရေတစ်စက်နဲ့ ... ငြိမ်းချင်နေ...

ဝေသထက်ဝေ
ဒီအလွမ်းပန်းတွေလေ
နွေမျက်နှာတစ်ခုလုံး
အခက်အလက်တွေ  .. စိမ်းစိုစေ ......

ကြွေမတတ် လေ
နင် မရှိ လေတော့လည်း
အဖြေခက်နေတာ
နေတက် ရေတက်လေ .....

ဖြေလွမ်း ဘယ်မသိ
ဒီနွေတစ်ခန်းပြီးရင်
ဒီအခြေ ဒီအနေနဲ့
အလွမ်းမိုးဆွေရအုံးမယ်လေ .....

သြော် .....
လေတစ်ချက်ပေမယ့်
မဖြေတတ်လွမ်းသူက
မနေတတ်မှန်းသူမို့
အသည်း ကျွမ်းမည့် သူပါလေ .......


ကာရံရေးကြည့်တာ  :P

12 comments:

ငှက်ငယ်လေး said...

အားပါးပါး...
ကဗျာရေးတာတော်လှချည်လားဂျ

နာ ၁၁၁၁၁၁၁၁၁၁နော်း)(ညလေးထက်အသက်ကြီးရင် ကန်တော့ ဂျာ)

ကိုလူထွေး said...

ကာရန်နဲ့ရေးတဲ့ကဗျာ ပိုဖတ်လို့ကောင်းတယ်...

းဝ)

စိမ်း... said...

ဒီလိုရေးတော့လည်း ကောင်းတာပဲ... စိမ်းကတော့ ကာရန်တွေဖယ်ပြီး တစ်ပုဒ်လောက် လွတ်လွတ်လပ်လပ် ရွက်လွှင့်ကြည့်မလား စဉ်းစားနေတာ... ကာရန်နဲ့က စဉ်းစားရတာ ဘောင်ကျဉ်းတယ်လေ တစ်ခါတစ်လေ စကားလုံးလေး ကြိုက်ပေမယ့် ကာရန်ကိုဦးစားပေးလို့မထည့်လိုက်ရတာတွေ ရှိတယ်... လိုင်းသစ်စမ်းကြည့်တာပေါ့... နော့..

မင်းနေဝေး said...

ကာရံရေးပြီး အာရုံမကပ်တဲ့ ကဗျာကို လာအားပေးတဲ့အတွက်ကျေးဇူးပါဗျာ ....

ကလေးလေး said...

Biogesic သောက် ပျောက် ( အသက် ) ဟီး ဟီး
မှတ်ချက်၊၊ ၊၊ comment မပေးလျှင် ကလေးအဖေနှင့်ညားပါစေဟု ကျိန်စာတိုက် ခြိမ်းချောက်နေသောကြောင့် လာပေးရခြင်း ဖြစ်ပါသည်၊၊

. said...

အပဲာ . .. အာရုံမကပ်တဲ့ကဗျာကလည်းး

အတော်လှသားဗျ . .


ကျွန်တော်မှာတော့ အာရုံကပ်ချိန်မှာတောင်မနည်းးရေးနေရတယ်

ပီားးး . .မနာလိုတော့ဘူးးး :P

ရှမ်းမလေး said...

ကာရန်လည်း ရေးတတ်တယ် ဟုတ်လား... ထင်ဘူး... နာ့ကိုလည်းရေးပေးပါလား... ခွန်းတောက်... ရှေ့နှစ် ရွာဘုရားပွဲမှာ အငြိမ့်ကရင် ရွတ်ရမှာ...

ဝက်ဝံလေး said...

ရော် များဂါတွေ ပြောသွားကြတော့ နာက ဘာပြောရမှလဲလို့ ဟွန်းးးးး

နာ့ဆီမှာ အသစ်မှာ မတက်တာ ဒီတော့ ဘယ်သိမှာလဲလို့ ပြန်ပြောင်းဟာ နင့် တန်းပလိတ်ကြောင့် ဖြစ်မယ် ဟွန်းးးးးးးးး ပြောချင်ဘူး (၁ မရလို့ ဒေါသထွက်ခြင်း)

မြစ်ကျိုးအင်း said...

ကာရံနဲ့ရေးတော့ ဖတ်ရတာ ချောတယ်။
အဓိပ္ပါယ်ပေါ်အောင် တော့ စကားလုံး ပိုရှားသွားတာပေါ့
ကဗျာကောင်းလေးပါပဲ

(ရောက်တဲ့အချိန်က ည ၂ နာရီကျော်နေလို့ ကျန်တဲ့ပို့စ် တွေ အကြွေးမှတ်သွားပါတယ်)

မေဓာဝီ said...

ကဗျာလေးတွေ လာဖတ်သွားပါတယ်။
ကာရန်နဲ့ကဗျာကို ပိုကြိုက်တယ်။
ပိုလည်းစွဲသလိုပဲ။

မင်းနေဝေး said...

ကျေးဇူးတင်ပါတယ်ဗျာ ... ကြိုးစားပါ့မယ် ..
ကာရံ မပိုင်တော့ ကန်ရာ ရောက်နေမှာစိုးလို့
သိပ်မရေးဖြစ်တာပါ ....
ရှမ်းမ .. ခွန်းတောက်ဆိုချင်ရင် ရေးပေးမယ်လေ .. ဒီတိုင်းတော့ မရဘူးနော် ..
ဝက်ရေ .. ငါလည်းလုပ်တတ်ဝူးဟ .. တန်းပလိပ်တော့လည်းချိန်းချင်ဝူး ဟီးဟီး .. တစ်ခြားလှတာ မရှာတတ်လို့ :D ကလိကြည့်ပါအုံးမယ်နော့ ... :P

Anonymous said...

တောသားလို့ပဲ ပြောပြော ကာရံရှိတဲ့ ကဗျာလောက်ပဲ ရင်ထဲရောက်တယ်ဗျ....။ တချို့ကဗျားတွေဆို နားတောင် မလည်ဘူး ဘာတွေရေးမှန်းကို မသိတာ.. ဟီး

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....