Wednesday, September 2, 2009 By: မင်းနေဝေး

ဝက်ဝံလေးရဲ့ တဂ်

ရေးတာမကြာသေးတော့ ပထမဆုံးတဂ်ခံရခြင်း .....

သွားနေကျ blog ၅ ခုတဲ့ .... သွားနေကျ ဆို အများကြီးပဲကိုနော့ ... ၅ ခုပဲလား :D

ကျွန်တော် Internet စသုံးတော့ blog ကို block နဲ့ရောနေတယ် .. အဟီး .. blog မဖတ်ဘူးလားဆို ဘာလည်းဟပေါ့ .... တစ်နေ့ ချက်ထဲက ကောင်မလေးတစ်ယောက်က လိပ်စာတစ်ခုပေးတေယ် WESHEME တဲ့ .. ဖတ်ကြည့်ကောင်းတယ်တဲ့ ဆိုတော့ ဖွင့်ကြည့်တယ်လေ ... အဲ့ကျမှသိတော့တယ် ဘမ်းတယ်ဆိုတာကို :P
အဲ့လိုနဲ့နေလာတာ ကြည့်မရတဲ့ဆိုဒ်တွေက များလာတယ် ... ဘယ်လိုလုပ်ရပါ့ပေါ့ .. တွေ့သမျှလူမေးကြည့်မှ ကျော်ကြည့်လို့ရတယ်တဲ့ .. နိပ်ဟ .. ပျော်တာပေါ့နော့ ... သူပေးတဲ့လိပ်စာနဲ့ ကျော်ကြည့်တယ် .. အားပါးပါး မြန်မာတွေက ဒီလိုတွေလည်း ရေးကြပါလားပေါ့ .. အဟီး ... အွန်လိုင်းနောက်ပေါက်ဂျလေဘီကိုး .. သူများတွေ သိတာ ဘယ်သိပါ့မလည်း .... :P အဲ့လိုနဲ့ ကျော်တဲ့ဆိုဒ်ကနေပဲ လျှောက်ဖတ်မိတယ် ... အများကြီးပဲကိုး .. ခေါင်းတောင်နောက်လာလို့ သုံးရက်လောက်တောင် အွန်လိုင်းမတက်နိုင်ဘူး .... blog လည်တာပြောပါတယ် ..
ခုတော့လည်း ဖတ်တတ်လာပြီ .. ရွေးပြီးတော့လေ ... :P ဒါတောင် တစ်ရက်လောက်ဖတ်လိုက်ရင် တစ်ရက် ပြန်နားရတာပဲ ... မျက်စိမကောင်းလို့လေ ... :D အဟီးးး ရေးရင်းနဲ့ ဘယ်ရောက်သွားမှန်းမသိဘူး ..
ကိုယ့်ပေါင်ကိုယ်ပြန်ကုတ်နေတာနဲ့ ::P

သွားနေကျ blog ငါးခုပေါ့နော်

ပထမ တစ်ခုအနေနဲ့ အမ မနော်ဟရီ ဆီကို တော်တော်များများရောက်ပါတယ် ... သူ့ကဗျာတွေကြိုက်တာကိုး ... :D ဟိုးအရင် ၀တ္တုတွေကလည်းက ဖတ်ခဲ့ ကြိုက်ခဲ့တာ ...

နောက်တစ်ခုက အမ မယ်ကိုး ပေါ့ ... ကျွန်တော် blog စရေးပြီးနောက်ပိုင်း သူ့ဆီရောက်တယ် .. အရေးအသားက နူးညံ့တယ်လေ .. ကျွန်တော်ကလည်း စိတ်ခံစားလွယ်တယ် .... အံကိုက်ပဲ ... (အံကပ်ဟုတ်ဝူးနော် :D)

နောက်တစ်ယောက်က ကိုယုယ သူ့ကို ကိုမင်းအိမ်ဖြူ ဆီကနေတဆင့် ရောက်ခဲ့တာပါ ... အတွေးနဲ့ အရေးလေးတွေကောင်းလို့ ရောက်ဖြစ်ပါတယ် .. အခုတော့ ပျင်းနေတာထင်တယ် ... အသစ်မတွေ့ဘူး ... :D

နောက်တစ်ယောက်က ဘွပြောင်းသွားရှာတဲ့ ၀က်ဝံလေး လို့ပြောတဲ့ ကျွန်တော်မြင်တာတော့ ၀က်ကလေးပါ .. :P သူကျတော့ ပေါက်ပေါက်ရှာရှာနဲ့ ရေးတတ်လို့ .. သူ့ဆီရောက်ရင် စိတ်အမောပြောတယ်လေ ...

အများဆုံးရောက်ဖြစ်တာတော့ ဒီ blog လေးပါပဲ :D နောက်တာဟုတ်ဝူး ဂယ်ပြောတာ ... ဟီးဟီး ဖတ်လည်းဖတ်တယ် .. တကယ် ...

ကဲ ၀က်ရေ ပြီးပြီနော် .. ငါရေးတတ်သလိုလေးပဲ ရေးထားတယ် ... ခုရေးပြီးပြီဆိုတော့ တဂ်မယ် နာလည်း ဟီးးး
စိမ်း ... ရေးပေးမယ်ဟုတ် .. တဂ်လိုက်ပြီနော် ...
နေညှိ ရော ... ကဗျာမရေးပဲ အပျင်းကျနေတာ ... ခုစာရေးခိုင်းလိုက်ပြီ .. ရေးပေတော့ :D

7 comments:

Anonymous said...

အသစ်ကလေးပေါ့နော်... အဟေဟေ.. ကိုယ့်ဆရာလဲ အလာကြီးပဲဗျ လုပ်ပါလုပ်ပါ အားပေးပါတယ်ဗျား....။ ရီစရာ ရေးတာကို ပြောတာပါနော်...။

စိမ်း... said...

ဟိုက် မလာမိရင် အကောင်းသား... :(

rose of sharon said...

အကြိုက်ဆုံးဘလော့၅ခုထဲမှာ ကိုယ်ကိုယ်တိုင်ရေးတဲ့ ကိုယ့်ဘလော့က တစ်ခု အပါအဝင်... မှန်တယ်...ဒါဖြစ်သင့်တယ်

ဝက်ဝံလေး said...

ဟဟဟ ကဗျာဆရာကြီးရေ အဟက် အကြိုက်ဆုံး ၅ ထုထဲမှာ ထည့််ပေးတဲ့အတွက် မြောက်တောင် မြောက်သွားပြီ ဟိဟိ ပြောလိုက်ပါ ပေါက်တတ်ကရ ရေးတယ်လို့ ဟဲဟဲ

အနီးဝေးးး အဲလေ anyway ဘာပဲဖြစ်ဖြစ် ရေးပေးတာ ကျေးဇူးအရမ်းတင်တယ် ခေါင်းစားသွားမယ် ဆိုတာလဲ သိတယ် ဟက် အိုကေ ဘိုင် ရှဲရှဲ တာ့တာ

အော် ဒါနဲ့ အသစ်တင်တိုင်း စီဘောက်မှာ လာအော်ပါနော် အိမ်မှာ လင့်ခ်က မတက်လို့ ရတယ်မလား နော်

မင်းအိမ်ဖြူ said...

အော်ဒီလိုလား ကျွန်တော်ကတော့ မပါဘူးပေါ့လေ ....
ကျွန်တော့်နာမည်တော့ပါတယ် ကျွန်တော့်ဘလော့တော့ မပါဘူး... P:
နောက်လာဖတ်တော့ဘူး ဟာဟ.....

နောက်တာပါဗျာ

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

မင်းနေဝေး said...

ရောက်တာပေါ့ ကိုမင်းအိမ်ရ .... ဟိုရက်ပိုင်း blog ပိတ်ထားတယ်လေ .. အဲ့တာကြောင့် တစ်ဝက်ပဲထည့်ရေးတာ ... အဟီးးး .. နောက်တာ

မြက်လျှော said...

ဟီး အကြိုက်ဆုံးက ဒီဘလော့လေး ဆိုလို့ ဘာများလည်း မှတ်တယ်

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....