Wednesday, September 30, 2009 By: မင်းနေဝေး

ဘာမဟုတ်တဲ့ သေတမ်းစာ ..

ဒီမှာ ကြေကွဲနေတဲ့ အပိုင်းအစတွေ
နင် .. ငါမဟုတ်တဲ့လူနဲ့
...........
ငါ .. ထုတ်ပိုးထားတယ်
လမ်းကြမ်းရင် ခင်းလျှောက်လိုက်ပါ
နူးညံ့ပါတယ် ....

ဒါက .. ညအိပ်မရေးသေးတဲ့
အပိုင်းအစတွေ
ငါ .. တစ်ယောက်တည်း
. ........
နားထောင်ကြည့်ပါ
လမင်းရဲ့ကဗျာရွတ်သံ
နင့်ကိုတော့ လွမ်းနေလိမ့်မယ် ....

ခပ်ဖွာဖွာ ပြန့်ကျဲနေတဲ့
မှတ်ဥာဏ်တစ်ခုရှိသေးတယ်
.. မပေးတော့ပါဘူး ...
ငါ့အတွက်ချန်ထားပါ
နင့် နံမည် တစ်ခုနဲ့ ပြည့်နေလို့ ...

သွားတော့မလား
တစ်ခုမေးချင်တယ် ..
ငါ့ကို နင်မြင်ခဲ့သလားလို့ပါ ..

သြော် ..
... သိတယ်တဲ့လား ..

ဒါနဲ့
မနက်ဖြန်နေထွက်ရင်
ဒီနေ့ ငါရှိခဲ့တယ်ဆိုတာ
တဆိတ် ပြောပြပေးလိုက်ပါ .....

(ဆိတ် နဲ့ ဆိပ်ကို မကွဲတာတော့ အမှန်ပဲ ..... :P)

5 comments:

မယ့်ကိုး said...

လွမ်းစရာလေး။
ဒါပေမယ့် လွမ်းလို့မပြီးသေးခင် စာလုံးပေါင်းမှားတာလေးမြင်တော့ စိတ်ကလေးက တန့်သွားတယ်။
ကျွန်မကလဲ ကျွန်မပဲ ... စာလုံးပေါင်းမှားနေရင် စေတနာနဲ့ အရမ်းပြင်ပေးချင်စိတ်ရှိမိတယ်။
သူများတွေ ကျွန်မလို စာကလေးရပ်မသွားစေချင်လို့ပါ။

တစ်ဆိပ် ဆိုတာ တဆိတ်လားလို့ ...

ခင်မင်စွာဖြင့် ...

မင်းနေဝေး said...

ကျေးဇူးပါ အမရေ ..
ကျွန်တော် တကယ်မကွဲဘူး ...
ပသတ်လား တသတ်လား .....
စာလုံးပေါင်းမှားရင်ပြင်ပေးပါခင်ဗျာ ..
ကျေးဇူးတင်စွာဖြင့် ......

စိမ်း... said...

အောင်မလေး သေတမ်းစာတဲ့...
အမွေလေးဘာလေးမထားခဲ့ဘူးလား :P
ဟီး စတာ အတည်ပြောမယ်...

အင်း အဟမ်း အဟမ်း...
ဒါက ပုံစံတစ်မျိုး...
ဟိုတစ ဒီတစ ပြန့်ကျဲနေတာတွေကို
တစ်ခုချင်းလိုက်ကောက်... ဖြည်ကြည့်ပြီးမှ ... နားလည် ...ခံစား... မိန်းမော... သွားတာမျိုး

. said...

နေပါအုံးး အကိုရ .. မသွားပါနဲ့အုံးးး

ပီားးသွားမယ် ဆိုလည်းးအမွေလေးဘာလေးးထားခဲ့ အပဲာ
နောက်တာ ... :P


( ဒါနဲ့
မနက်ဖြန်နေထွက်ရင်
ဒီနေ့ ငါရှိခဲ့တယ်ဆိုတာ
တဆိတ် ပြောပြပေးလိုက်ပါ ....)
တပုဒ်လုံးကြိုက်တယ် ဒီ အ ပိုဒ်လေးး အကြိုက်မိဆုံးပါ

Anonymous said...

ဆိပ်နဲ့ဆိတ် မကွဲဘူးလား..ဒါဆိုလာခဲ့ ကွဲအောင် ခွဲပေးမယ်...။
လွမ်းတာကလဲ လွမ်းပေါ့....ောနက်တယောက် ထပ်ရှာဖို့လဲ မမေ့နဲ့ ဝမ်းဂိုး၊ တူးကမ်း ခေတ်ကြီးမှာဗျာ လွမ်းရတယ်လို့..ဟိ

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....