Wednesday, September 9, 2009 By: မင်းနေဝေး

လမ်းဆိုတာ .... လှမ်းတဲ့လူတွေအတွက်သာ ......

" ငါသွားတော့မယ် "
ကောင်းကင်တစ်ခုလုံးပြိုကျသံ
ကမ္ဘာမပျက်ခဲ့ဘူး ..
တစ်ဖက်သက်နဲ့ လမ်းခွဲခြင်း ....

မပြုံးဘူး .... မမဲ့ဘူး .....
ဒီအသံက နှုတ်ဆက်ခြင်းမမည် ..
ပြောခဲ့ရသူသာ တစ်ခန်းရပ်သေဆုံးခြင်းနဲ့ ...

နောက်လှည့်မကြည့်ဘူး ..
မြစ်မည်ပြီး ရေမစီးခဲ့ရတာ
နောက်ကျခြင်းရဲ့ ရလဒ်တစ်ခု ..
အခုလည်း ပင်လယ်သေတစ်ခု ..
ငြိမ်သက်နေတယ် .. နှလုံးသားမဲ့ ....

"မှန်" တစ်ချက်လိုကံတရား ..
အမြဲပြုံးခဲ့ပေမယ့်
ဆန့်ကျင်စွာပြုံးနေတယ် ..
အဲ့ဒါ .. နှလုံးသား ပျောက်တဲ့ "မှန်"

စိတ်ကိုပဲ ကိုးကွယ်မယ်
ငါ ... မရှိခဲ့
နင်နဲ့နီးရာမှာ
အရိပ်တစ်ခုရဲ့ အရိပ်လို ....

ဖြေစကားတစ်ခွန်းမရှိခဲ့ ..
နှုတ်ဆက်ခြင်းက
ကမ်းတစ်ဘက် ရဲ့ တစ်ဘက်လို
တစ်ဘက်သက် .. လမ်းခွဲခြင်းနဲ့လေ ............

8 comments:

စိမ်း... said...

ကဗျာတစ်ကြောင်းချင်းတစ်ကြောင်းချင်း စာလုံး တစ်လုံးချင်း တစ်လုံးချင်း ကို ခံစားသွားတယ်...

......နင့်ကနဲပဲ....

ရှမ်းမလေး said...

ကိုးရီးယားမင်းသားကျနေတာပဲ ဇာတ်နာပုံများပြောပါတယ်.... သနားလိုက်တာ...

မယ့်ကိုး said...

ကံတရားတွေ။မှန်တွေ ။အပြန်လမ်းတွေ။
မောလွန်းလှပါပြီ။

မေလေးညို said...

သုံးခေါက်ပြန်ဖတ်မိသွားတယ်..ကဗျာလေးကို။
ခံစားမှူတွေ အချိန်နဲ့အမျှ လျော့ပါးသွားနိုင်ပါစေ..။

အိပ်မက်ခြေရာ said...

ရင်ဘတ်ကို တိုက်ရိုက်ကြီးလာမှန်တယ်ဗျာ တစ်လုံးချင်းတစ်လုံးချင်းစီ သေချာခွဲခြားကြည့်သွားတယ်
ထိရှတယ်ဗျာ

မင်းနေဝေး said...

ကျေးဇူးတင်ပါတယ်ဗျာ .. ကျွန်တော့ အလွမ်းတွေကို မျှဝေခံစားကြလို့ .... ပိုကောင်းအောင် ကြိုးစားနေပါတယ် .... :)

နေညှိ said...

ငိုချင်နေပါတယ် ဆိုမှ လက် လာလာတို့နေတယ် . .


တစ်ဖက်သက်လမ်းခွဲခြင်းတဲ့လားး ဗျာာာာ . ..

တစ်ဖက်သက်လမ်းခွဲရတာ ပိုဆိုးတယ်နော် . . .

လူမသိ သူမသိ ခံစားခြင်းတွေကလည်းး ဝေဒနာ မည်ပါတယ်ဗျာာ :)

ဝက်ဝံလေး said...

ဟဲ့ လမ်းခွဲတာ ၂ ဦး ၂ ယောက်ခွဲမှ ဟုတ်ဘူးလားလို့ ဘယ့်နှယ့် တဖက်သတ် လမ်းခွဲတာတုံး နာ လိုက်လို့မမီတော့ဘူးရော တိတော့ဘူး တွား ဟွန်းးးး

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....