Sunday, September 13, 2009 By: မင်းနေဝေး

လိုအပ်ချက်တစ်ခုရဲ့နောက်က လိုအပ်ချက်

တကယ်တမ်းကျတော့
ငါ့ဘ၀က လှောင်အိမ်ထဲမှာ ...

စိတ်ကူးယဉ်ခွင့်တစ်ခုသာ ပိုင်ဆိုင်ခဲ့ပြီး
လက်တွေ့က ငါနဲ့ မနီးစပ်ဘူး ...

ချစ်ခဲ့တယ်ဆိုတာတောင်မှ တစ်ဘက်သက်
အလွမ်းဆိုတာလည်း တစ်ဘက်သက်

ဘယ်လောက်ကြာအုံးမှာလည်း
တစ်ချက်ချင်းခုန်နေတဲ့ရင် ....

သေခြင်းနဲ့သာ နီးစပ်ချင်တော့တယ်
နင်နဲ့ နီးစပ်ဖို့က အကန့်ခြားတယ် ....

ယဉ်နေတဲ့စိတ် ကူးလည်း နင့်ဆီမှာ
ငါဆိုတဲ့ နာမ် ကလည်း နင့်ဆီမှာ

သုံးမရတဲ့ ခန္ဓာကိုယ်သာ လှောင်အိမ်ထဲမှာ
လာကြည့်တဲ့လူမရှိတဲ့ ပြခန်းလို
ခြောက်ခြောက်သွေ့သွေ့

ဟား............
အဆိပ်တစ်ခွက်များ ရှိကြသလားဗျာ ...

11 comments:

မင်းအိမ်ဖြူ said...

တကယ်ခံစားချက်စစ်စစ် လား အငှားခံစားတာလား ဒီရေးပုံမျိုးနဲ့ ကိုယ်တိုင်တော့ မဖြစ်နိုင်ပါ.....

တကယ်ကောင်းတယ် ဗျ ၊၊ ဒီလိုဆိုတော့ အကြောင်းအရာကို ပြောတာမဟုတ်ဘူးနော်
အရေးအသားကိုပြောတာ

အင်း အကြောင်းအရာကတော့ ခံစာချက်သပ်သပ် ဆိုတော့ ဘယ်လိုပြောရမလဲ အင်း.........

ခင်မင်လျက်
မင်းအိမ်ဖြူ

မင်းနေဝေး said...

တိုက်ဆိုင်မှုကလည်း ရှိနေတာကိုးး :P

မယ့်ကိုး said...

တော်တော်ပြင်းထန်နေပါလား =)
စိတ်ကူလည်း က ... ကူး လား ကလား မသိလို့ ...

သေခြင်းနဲ့သာ နီးစပ်ချင်တော့တယ်
နင်နဲ့ နီးစပ်ဖို့က အကန့်ခြားတယ် ....

ဒီစာသားကိုတော့ လုံးဝကြိုက်သွားပြီ =)

မိုးစက်ပွင့်လေး said...

ရင်တွင့်ဖြစ်တွေထင်ပါ၇ဲ့ .. အဟိ ..အဟိ..

ဝက်ဝံလေး said...

ဖတ်သွားတယ် လာမမေးနဲ့ ကဗျာ အကြောင်း သိဘူးနော် အားဂျီး ခင်လွန်းလို့သာ ဖတ်သွားတာ သိလား ဟွန်းးး

ရှမ်းမလေး said...

ဘုရား ဘုရား ပျောက်လှတယ်ထင်နေတာ... ဒါကြောင့်ကိုး မကြံကောင်း မစည်ရာဟာ ငါနောက်တစ်ယောက်ရှာပေးပါ့မယ် နင်ကလည်း စိတ်ချည်းပဲ....

kiki said...

တဖက်သတ် အချစ်ဟာ ဆိုးပါသည် ။
အဆိပ်ခွက်တော့ မရှာပါနဲ့ဦးလေ ။။

နေညှိ said...

ပီားးး အဆိပ်ခွက်တော့ရှိဘူးးးးးးးး

ဂျားးလိုက်ပဲ ရှိတယ် အကိုရ .....

အဲ့ဒါက ပိုကောင်းမလားလို့ :P

စကားနီ said...

nice setting and nice poems !
is that your real feeling ?
if so don't be silly !
but your poem is so good ! :D

စိမ်း... said...

တဖြည်းဖြည်းနဲ့ ပြင်းလာပြီ ကဗျာတွေ...
ကြိုက်တယ်... ဒါမျိုး... ဒူးသာဒူး...

ကလေးလေး said...

တကယ်တမ်းကျတော့
ငါ့ဘ၀က လှောင်အိမ်ထဲမှာ ...

တွေးသွားတယ်.... ဘယ်တုန်းက လှောင်အိမ်ထဲ ရောက်နေပါလိမ့်လို့ :P

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....