Saturday, September 5, 2009 By: မင်းနေဝေး

<<<< ၀တ္တုထဲက ကဗျာ >>>>

သံသရာမကင်းဘူး .. ဒီဆုံနိုင်ခွင့်အတွက် ...
ဘုရားသခင်သတ်မှတ်ခဲ့တယ်ဆိုရင်
နောက်ကျစေတဲ့အတွက် .... စိတ်ဆိုးတယ် ....

အရောင်တောက်နေတဲ့ မနက်ခင်းမှာ ဆုတောင်းမယ် ..
ရင်ခုန်ခွင့်အတွက် ချုပ်ချယ်မှု ကင်းပါစေလို့ .....

ကမ်းမရှိ လမ်းမရှိ လျှောက်လှမ်းနေရတာ စမ်းတ၀ါးဝါးနဲ့ ...
ဒီမှုန်ပြပြ မီးပြတိုက်ကို တော့လည်းနားခဲ့ချင်တယ် ....
အလွမ်းတွေ အဆွေးတွေကို ရခဲ့မယ်ဆိုရင်တောင်
တစ်ကြိမ်တစ်ခါ ချစ်ခွင့်ရှိခဲ့မယ်ဆိုရင် ကျေပါတယ်လေ ....

ကောင်မလေးရေ ....
နွေတစ်ရာကို ဖြတ်လာခဲ့တာပါ ...
ပန်းတစ်ပွင့် ခူးခွင့်မကြုံခဲ့ပေမယ့်
အနမ်းတစ်ပွင့်တော့လည်း ပေးချင်တယ် ...

ညအိပ်ရာဝင်တိုင်း စိုးရိမ်စိတ်နဲ့
လမင်းနဲ့ ကြယ်စင် ကိုတိုင်ပင်နေမိတာပါ ...
ခင်းမိတဲ့ လမ်းအတွက် ဆူးတစ်ခက် များ ပါလေ မလားလို့ပေါ့ ....
နှင်းဆီကိုတောင် အပွင့်ခြွေခဲ့တာပဲ
နင်းစေချင်တယ် ကောင်မလေးရယ် .....

7 comments:

စိမ်း... said...

ကြိုက်တယ် ကြိုက်တယ်... တစ်ပုဒ်လုံးပဲ...

ဗန်ပိုင်းယား said...

သံသာရာမကင်းဘူး .. ဒီဆုံနိုင်ခွင့်အတွက် ...
ဘုရားသခင်သတ်မှတ်ခဲ့တယ်ဆိုရင်
နောက်ကျစေတဲ့အတွက် .... စိတ်ဆိုးတယ် ....


သံသရာ လား . .သံသယ လား ..

myetwann said...
This comment has been removed by a blog administrator.
မင်းနေဝေး said...

သံသရာပါ ... ကျေးဇူးပဲဗျာ .. :D

မြစ်ကျိုးအင်း said...

အညောင်းမိနေတုန်းရေးတာများလား
နင်းစေချင်တယ် ကောင်မလေးရယ် ဆိုလို့ပါ

(ကဗျာကောင်းလေးကို ဖျက်လိုစိတ် မဟုတ်ပါဘူး ။ ခင်ခင်မင်မင် စနောက်သွားတာ ခွင့်လွှတ်ပါဗျာ)

minnay said...

ဟိုက် .. ကောင်းရောဗျာ ...
ဟုတ်သားပဲနော် .... စိတ်ထဲကပါတာနေမှာပါ :D

ရှမ်းမလေး said...

အိပ်ယာ ၀င်တာကို ဘုရားမရှိခိုးပဲနဲ့ လမင်းနဲ့ ကြယ်စင်နဲ့ ပေါင်းပြီး အတင်းတုပ်တယ် ဟုတ်လား

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....