Thursday, September 24, 2009 By: မင်းနေဝေး

အတ္တတစ်ခု

နေခြည်နှင်းရယ် … နင်မနက်ခင်းရင်
ရွှေရောင်ပြိုဆင်းမယ်
ကမ္ဘာမြေပေါ် ….

နှင်းကတ္တီပါ နေအလင်းနဲ့
အိပ်မှုံစုံဝါး .. သစ်ပင်များ
မဉ္ဖိမ သံစဉ်နဲ့
ညသစ်ကိုကြိုဆိုစေ ….

နေ့ တစ်လှည့် .. ညတစ်လှည့်
ကမ္ဘာမြေရဲ့ နေ့ရက်တွေကို
ပိုင်စိုးပိုင်နင်း
ဆောင်းမနက်ခင်းတွေပဲ ဖြစ်စေချင်တယ် …

ကဲ …
ဘာပြောချင်သေးလည်း .. ချစ်သူ …

7 comments:

စိမ်း... said...

ဟုတ်ကဲ့ စောင်တစ်ထည်လောက်လို့...
အိပ်ယာထဲမှာ ကွေးနေချင်လို့... :P

စိမ်း... said...

ကဗျာက ကြည်နူးစရာလေး...
ဆောင်းမနက်ခင်းဆို ချစ်သူနဲ့ အတူတူလမ်းထလျှောက်မလို့လား... :P

မယ့်ကိုး said...

ကိုယ့်ပြောတာ မဟုတ်တော့ ဘာမှ မပြောတော့ပါဘူး =)
ကောင်းသောနေ့ပါ။

စကားမစပ် ဘလော့ပိတ်သွားတယ်ဆိုလို့ လန့်တောင်သွားတယ်။=)

. said...

အပဲာ ....... ဘူ့ကိုကြောတာရဲ ....

ချစ်သူဆိုတော့ ......

ပီားးးးးးးးးးးးး

ဆောင်းမနက်ခင်းတွေ ပဲဆိုရင်တော့မိုက်တယ်...

ကွေးလို့ကောင်းမှ ကောင်းပဲ .........

မင်းအိမ်ဖြူ said...

ချစ်သူကဘာပြောမလဲတော့မသိဘူး

ကျွန်တော်လာပြောပါတယ် ဗျာ

ဘလော့ပိတ်တယ်ဆိုလို့ မမီမှာ စိုးလို့ အပြေးလာတယ်
အကြွေးတောင်းမလို့

ဟာဟ

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

maylay said...

ဒူ့ကို မေးတာလဲ သိဘူး။ ကိုယ့်ကို မေးတာမဟုတ်ဘူးဆိုတော့လေ နေနဲ့နှင်းကိုပဲ အင်းးးးဘာမှ ပြောတော့ဘူးနော်

Anonymous said...

လျှောက်သော လမ်းလေး ဖြောင့်ဖြူး မှန်ကန်ပါစေနော်။

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....