Monday, September 28, 2009 By: မင်းနေဝေး

---- လိပ်စာ ----

အသိသက်သေတွေနဲ့
ခြေချခဲ့တဲ့လမ်းတော့ မဟုတ်ဘူး

အိပ်မရခြင်းတွေကို
သေချာစမ်းစစ်ပြီး လာခဲ့တာပါ ....

ဦးတည်ရာက
ရေရာခြင်း မရှိခဲ့တဲ့အတွက်လည်း
ငါ .. မယိုင်လဲခဲ့ပါဘူး ....

ငါ့အတွက်တော့ သေချာခဲ့တဲ့
အဲ့ဒီ လမ်းအတွက်
ရင်ခုန်သံတော့ ရင်းရမှာပေါ့ ....

ဦးတည်ရာဆိုတဲ့ ကောင်မလေးရေ
နင်မရေရာပေမယ့်
လာခဲ့တဲ့ငါက
နှလုံးသားပါ လက်ဆောင်ပေးဖို့
အကြိမ်ကြိမ် ကြေငြာခဲ့တယ်လေ ....

ငါလာတဲ့လမ်း မမှားခဲ့ပါဘူး ...
သေချာပါတယ် ...
အဲ့ဒီလိပ်စာမှာ လေ
နင့်ကိုချစ်ခြင်းတွေ
အထပ်ထပ် ရိုက်နှိပ်ထားလို့ပေါ့ ....

7 comments:

ဝက်ဝံလေး said...

လာတယ်နော် ကိုမင်းနေဝေး

ဟိုးနေ့တွေက ဘယ်လာလို့ရမတုံး ပိတ်ထားတာကို အခုပြန်ဖွင့်လိုက်ပြီ ဟိဟိ လာလည်တာကျေးဇူးးးးး

ပြောထားတယ်လေ အသစ်တင်ရင် လာအော်ပါဆိုနေ အိမ်မှာ အသစ်ကမတက်ဘူး ဘာလို့လဲမသိဘူး ကိုမင်းနေဝေးဘာတွေ လုပ်ထားလို့တုံး

ဘိုင် တာ့တာ

စိမ်း... said...

ဒီကဗျာဆရာနှယ် ချစ်တတ်လိုက်တာ...

ငါလာတဲ့လမ်း မမှားခဲ့ပါဘူး ...
သေချာပါတယ် ...
အဲ့ဒီလိပ်စာမှာ လေ
နင့်ကိုချစ်ခြင်းတွေ
အထပ်ထပ် ရိုက်နှိပ်ထားလို့ပေါ့ ....

ဒါမျိုးရေးတတ်ချင်တယ် သင်ပေးပါ....

နေညှိ said...

bro ရေ လာဖတ်သွားတယ်ဗျ ..

ကျွန်တော် အရင်ကတည်းးကတည်းက ကြိုက်မိတဲ့ကဗျာတပုဒ်ဆိုတော့

အထူးပြောစရာမလိုပါဘူးး ။။

အခုပြန်ဖတ်လည်းးကြိုက်တုန်းပါပဲ

မင်းနေဝေး said...

အဲဗျ ... ညီလုပ်မှပဲ ရေးပြီးသားတင်တယ်ဆိုတာ
သိကုန်တော့မှာပဲ ဟားဟား :P

လာဖတ်တဲ့အတွက်ကျေးဇူးပါဗျာ ....

မင်းအိမ်ဖြူ Minn Eain Phyu said...

ကဗျာ ဆရာ အဲဒီလိပ်စာပို့လိုက်ပါ

လည်လည် သွားချင်လို့ပါ

မင်းအိမ်ဖြူ

maylay said...

တွေ့ပြီလား ကဗျာဆရာရေ သေချာတယ်ဆိုရင် အဲဒီလိပ်စာက မယိုင်လဲစွာစောင့်နေပါစေ။

ကလေးလေး said...

လိပ်စာ: ပေါက်ပေါက်ဆုပ် နဲ့ ကန်စွန်းရွက် :P

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....