Tuesday, September 15, 2009 By: မင်းနေဝေး

တစ်ခါတစ်ရံမိုး

ရေသံသရာမှာ .. နွေဟန်မပါတဲ့
ချစ်သောမိုးရေ ....

ဟိုး ... အဝေးဆီက
တိမ်ညိုမှိုင်းလို့
လျှပ်လက်တောက်ပ .. မင်းလှနေပုံက
ခြောက်သွေ့မြက်ကို ..
.... ပျိုစေတယ် ...

မျှော်မိစမ်းပါဘိ ...
နွေတစ်ခန်းရပ်မှာမို့
ဒီ .. ရေခမ်းရင်ခွင်က
.. တစ်အုံနွေးနွေး .. မိုးမျှော်တယ်လေ ...

ပြိုမလို မင်း .. နေပုံဆန်းတော့
ငိုမလို နွေ .. အပြန်လမ်းမှာ
နေတစ်ခြမ်း လတစ်ခြမ်းနဲ့
အလှမ်းခက်တယ်လေ ....

ကဲ ..
... လွမ်းချင်လည်း လွမ်းစေ ...
.. နွေတစ်ရာမှာတော့
. ရေတစ်ခါလှည့်မယ် ..

နင် မညာပါနဲ့တော့
.. ချစ်သော မိုးရေ ....

6 comments:

စိမ်း... said...

ချစ်စရာကဗျာလေး...
မိုး မြန်မြန်ရွာပါစေ...

ကပ်ချပါ said...

မိုးးရေ ရွာပေးလိုက်ပါဗျာ . ..

ဒို့ အကို ကမိုးရေချိုးချင်လို့ တဲ့ ပီားးးးးးး :P

Unknown said...

လှတယ်ဗျ စာသားလေးတွေက ချိုလို့

ဟာဟ

ကျွန်တော့်စာတွေနဲ့များ နင်လားငါလား အရှေ့နဲ့ အနောက် ကျွန်တော့်စာတွေက ရန်ဖြစ်နေသလားမှတ် ရတယ် ဟာဟ

ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

မိုးစက်ပွင့်လေး said...

တူညားစာတွေများနုနုရွလေးတော့..အားကျပါဘိ..

မယ့်ကိုး said...

ကဗျာနုနုလေး လာဖတ်သွားပါတယ်။
စကားမစပ် အခုထိ လင့်ခကလည်း မရဘူးနော် ...

maylay said...

ကဗျာလေးက ချိုချိုပျိုပျိုလေးနော်။ မိုးမြန်မြန်ရွာပါစေနော့။ မင်း နေပုံဆန်းတော့ လို့ဆိုထားတော့ ဧကန္တ အင်းးးးကိုမင်းနေဝေး နီးးလာပါပြီပေါ့နော်။ ကျန်းမာပျော်ရွှင်ပါစ ။ (ခင်လို့ကျီစယ် နောက်သွားတယ်နော်)

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....