Wednesday, October 7, 2009 By: မင်းနေဝေး

ဒီနေ့

ဒီနေ့ကိုမှတ်ထားလိုက်ပြီ ..... ကံကောင်းခြင်းလား ကံဆိုခြင်းလား မခွဲနိုင်ပေမယ့်
အမှတ်တယ တစ်ခုကို မွေးဖွားခဲ့တဲ့နေ့ ..... လွမ်းရမယ်ဆိုရင်လည်း လွမ်းမယ် ...
နောင်ကျန်ရှိနေတဲ့အချိန်တိုင်းမှာလည်း ချစ်နေအုံးမယ် .... ကောင်မလေးရေ ......
ကြားမှာတော့ မဟုတ်ပေမယ့် ရင်ထဲကအော်မြည်သံက မင်းကို ချစ်တယ် ... ချစ်တယ်တဲ့ .....

မနက်ခင်းတစ်ခုရောက်လာတယ်
မှုံမှုံမှိုင်းမှိုင်းနဲ့
သစ်ပင်တွေက အပျင်းဆန့်နေကြတယ် ..
နေရာအနှံမှာ အချစ်တွေလိုက်ရေးနေတဲ့ ကျူးပစ်လည်း
ငါ့ နှလုံးသားအတွက် အိပ်ပျော်နေသေးတယ် ...
ခုထိလည်း နေကမထွက်သေးဘူး
စောနေတာလား .. နောက်ကျနေတာလား ...
မျက်နှာသွားသစ်နေတာလား ..
မိန်းခလေးတစ်ယောက်ရဲ့ လှပတဲ့အချိန်တဲ့
ကောင်မလေးရေ ....
ငါ့အတွက် ရင်ခုန်သံရော လှမှာလား ..
ခြေချင်းလိမ်နေတဲ့ အတွေးတွေလည်း
အိပ်မက်တွေ မဖြစ်နိုင်ခဲ့ဘူး
မနေ့ညကလည်း အိပ်မပျော်ဘူး
မနက်အိပ်ရာထတော့ နောက်ကျတယ်
မနက်ခင်းလှသွားသလား ....
နောက်ကျနေတာလား ..

4 comments:

maylay said...

ကြည့်စမ်း ပြောတော့ မရှိသေးဘူး ဘာညာနဲ့ ဒီနေ့ကို မှတ်မှတ်ရရဖြစ်နေလို့ပါလား။ ကိုမင်းနေဝေး.။တော်သေးတယ် ရေဝေးမှာ နေဝေး သတိရတဲ့နေ့မဟုတ်လို့။ မှတ်မှတ်ရရ စကားလုံးပဲ ဘာတဲ့ မင်းကိုချစ်တယ် ချစ်တယ် ငါ့နှလုံးသားက အထပ်ထပ်ပြောနေတယ်ပေါ့ ဟုတ်လား။ (ခင်လို့ကျီစယ် နောက် သွားတယ်) ကျန်းမာပျော်ရွှင်ပါစေ မှတ်မှတ်ရရ ဒိနေ့တွေ ထပ်ဆုံတွေ့နိုင်ပါစေ

. said...

အပဲာ ......... အလွမ်းတွေ့ ပိနေသလားးးးးး

- - - - -

စိမ်း... said...

အလဲ့ ဒီနေ့ဆိုပါလား... ဧကန္တတော့ ဧကန္တပဲ... အဟမ်း အဟမ်း... အဟွတ် အဟွတ် အဟွတ်... အောင်မလေး သီးတောင်သီးတယ်... ကလိရတာ... :P

စိမ်း... said...

ခံစားချက်တွေပြင်းထန်လာပြီထင်တယ် .. မနိုင်တော့ဘူး... နောက်ပြီး သူလွမ်းရင် စာအရမ်းမေးတာပဲ ဒီဆရာက ... ဘယ်လိုလဲမသိဘူး...
အေးလေ ဒါပေမယ့် ကဗျာဖတ်ပြီးတော့ ဘာပဲပြောပြော အားမလိုအားမရသလိုလိုတော့လည်းဖြစ်မိသားနော်
မျက်နှာသွားသစ်နေတာပဲ ဖြစ်ပါစေ...

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....