Thursday, February 5, 2009 By: မင်းနေဝေး

အမှန်

အချစ်ဆိုတာ
ပိုင်ဆိုင်ခြင်းလည်း ဟုတ်တယ်
စွန့် လွှတ်ခြင်းလည်း ဟုတ်တယ်

အချစ်စတာ
မျက်စိကလည်း ဟုတ်တယ်
နှလုံးသားကလည်း ဟုတ်တယ်

ဒွိဟဆိုတာ
လုပ်ချင်သည်လည်း ဟုတ်တယ်
မလုပ်ချင်သည်လည်း ဟုတ်တယ်

ဒွိဟစတာ
မျက်စိကလည်း ဟုတ်တယ်
ဦးနှောက်ကလည်း ဟုတ်တယ်

အချစ် နဲ့  ဒွိဟ

ဒွိဟ မဖြစ်ချင်ရင် မချစ်ပါနဲ့ 
အဲ ..
ချစ်ပြီးရင်လည်း ဒွိဟမဖြစ်ပါနဲ့ 

အမှန်ကတော့
အချစ်ဆိုတာ
အမှားနှစ်ခုရဲ့ အလယ်က
မမှန်တဲ့ အရာပါ ...

ဒွိ ဟဆိုတာ
မမှန်တာနှစ်ခုရဲ့  အလယ်က
မှားနေတဲ့  အရာပါ ..

အဲဒါဆို .... အမှန်က ...





ငယ်ငယ်ကရေးခဲ့တဲ့ ကဗျာလေးပါ .. အချိုးတော့ ဘယ်ပြေမလဲနော့ :P

2 comments:

ရှမ်းမလေး said...

မသောက်ပဲ မူးတယ်ဆိုတာ ဒါမျိုးနေမှာ :P

. said...

မူးရုံမက ဘူး.. စဉ်းစားလိုက်တာ ရူးချင်သွားပြီ..

:P

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....