Friday, February 6, 2009 By: မင်းနေဝေး

ကြောက်တောင်လာပြီ ...

ပြောပြချင်လို့ ပါ
ကျောချမှ ဓါးပြမှန်းသိခဲ့ရတဲ့
ချောနှမ အကြောင်းလေးကို ...

မချစ်ဖူး အရူးထင်ထင်
အချစ်ဦးမို့ 
ရင်ခွင်ဦးမှာ စူးခဲ့တာလည်း
လူတိုင်းပါပဲ ....

မပစ်ဘူး ပြောလည်း
အသစ်ကထူးနေရင်
ချစ်ပါဖူးလို့ ပြောဖို့ လည်း
သူ့ အတွက်
လွယ်ခဲ့တာပါပဲ ....

မရဲတဲ့အခြေမို့ 
လွဲခဲ့ရတာကိုလည်း
အသည်းကွဲသမားလို့ ပဲ
လူတွေသိပါစေတော့ ...

ဒီမှာ အလဲအကွဲနဲ့ 
ခနဲ့ တဲ့တဲ့ စကားတွေကြောင့်
အသဲကျွမ်းပြီး
မနည်း အသက်ဆက်နေရတာပါ ...

မပြောချင်တော့ပါဘူးဗျာ ...
မောရင်သာမောရော့မယ်
သူကလေ
စိတ်တော့လျော့မယ့်ပုံ ပေါ်ဘူး ....

အင်း ....
ကျွန်တော်လည်း
သိပ်တော့ .. မလွမ်းရဲတော့ပါဘူး .....

2 comments:

ရှမ်းမလေး said...

ဖတ်ရတာ စာသွားကတော့ အတော်ချောပဲ ကိုယ့်ဆရာရေ့... :)

. said...

ပာ ပာ.. မိုက်တယ်ပော့... ဘယ်လိုလေးလည်းသိဝူး.
မိုက်တော့ မိုက်တယ်... :)

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....