Wednesday, February 18, 2009 By: မင်းနေဝေး

အချစ် .....

သြော် ..
ဒီတစ်ညလည်း
တိုးတိုးတိတ်တိတ်နဲ့  အိပ်မက်ထဲကို ၀င်ရမှာလား ...
စိတ်ပျက်တဲ့ အတွေးတွေနဲ့  မိုးလင်းရမှာလား ....

အတွက်ခက်တဲ့ ပုဒ်စာတော့ မဟုတ်ခဲ့ဘူး ..
ဒါပေမယ့်
အဖြေရှာမရသေးတဲ့ အိမ်စာ
တကယ်တော့
တစ်ဘ၀စာအတွက် .. တွက်စာ ...

မနက်ဖြန်မှာ ဘာတွေ ဖြစ်လာမလဲ ..
အလင်းရောင်ကို မြင်ရမှာ မှန်ပေမယ့် 
ငါ့ နှလုံးသားအတွက် မှောင်နေခဲ့ရင်ရော
ငါ ... နိုးထသင့်ပါ့မလား ....

ဟူး ..........
တကယ် တွက်ရခက်ပါလား .. အချစ်ရယ် ....

2 comments:

ရှမ်းမလေး said...

ပုံသေနည်းလွဲနေပြီ ထင်တယ်နော်...

ရှမ်းမလေး said...

`နံနက်ခင်းသို့´ ဘာလို့မတင်တာလဲဟင် ???

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....