Friday, February 13, 2009 By: မင်းနေဝေး

ဘာများလိုအပ်နေတာလဲ

မှောင်မဲမဲထဲက လာခဲ့လို့ 
အလင်းကြောက်တာ မထူးဆန်းပါဘူး ...
အတွေးထဲမှာ .. စိတ်ထဲမှာ
တိတ်တခိုး ချစ်နေရုံနဲ့ တော့
ငါ .. အလင်းရောင်ကို ကြောက်မိနေအုံးမှာပါပဲ ....
အခုအချိန်ထိလည်း
calculator နဲ့  တွက်ချက်နေဆဲပါ
ရှိတ် ရမှာလား .. ဂရိတ် ရမှာလား ...
ငါ .. တိတ်တိတ်လေးပဲ နေရမှာလား ....
မျှော်လင့်ချက်တွေကလည်း
တစ်ခါတစ်ရံမှ တွေ့ ရတဲ့  ကြယ်တံခွန်လိုပါပဲ
ဘေးချင်းကပ်ထိုင်ပြီး ဝေးနေရတာ
ငါ .. ဘာများလိုအပ်နေလို့ လဲ ...
မေးခွန်းပေါင်း များစွာနဲ့ 
နေထိုင်လာခဲ့တာ
တို့ နှစ်ယောက်လည်း အသက်တွေကြီးလာပြီ ...
ငါလေ ..
မင်းပြောတဲ့ စကားတိုင်း
မင်းကြည့်တဲ့ အကြည့်တိုင်း
အဖြေတစ်ခုများတွေ့ ရမလားလို့ 
ရှာရင်း ... ရှာရင်း ...
ငါပြောမယ့် စကားတွေ ဆွံ့ အခဲ့ရတယ် ....
ငါ .. ဘာများလိုအပ်နေလို့ လဲ...
မင်းအကြောင်းတွေးမိတိုင်း
ရင်ခုန်လာတယ် ...
မင်းအသံကြားရမှ
ငါ့ အာရုံနိုးထလာတယ်
ငါ .. ဘာများလို အပ်နေလို့ လဲ ....
မင်းနဲ့ မတွေ့ ရရင်
မင်း အသံမကြားရရင်
အလိုမကျမှု နဲ့  ဒေါသဖြစ်လာတယ်
ငါ လောဘများ တက်နေပြီလား ...
ငါ .. ဘာများလို အပ်နေလို့ လဲ ...
သူငယ်ချင်းရယ်
ငါတို့ နှစ်ယောက် ကြားမှာ
ခင်မင်မှု ထက်ပိုပြီး
ဘာများလိုအပ်နေလို့ လဲ....
ငါ ဘာ များ လို အပ် နေ တာ လဲ ......

3 comments:

ရှမ်းမလေး said...

သြော်... တစ်ခုခုပေါ့ တစ်ခုခုလိုနေလို့ပေါ့... :P

Anonymous said...

ဘာလိုနေလဲ သိပါတယ် ဝန်မခံသေးတာပါ :P

. said...

တခုခုတော့ တခုခုပဲ......... သိဝူးးးး

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....