Tuesday, February 10, 2009 By: မင်းနေဝေး

ရင်ကွဲနာ ....

မရယ် ....
နှလုံးသားတစ်စုံအတွက်
သက်သေတွေကို .. သတိရလိုက်တာဗျာ ...
မျက်ရည်တွေနဲ့ ဖြေမဆည်နိုင်တာ
ကျွန်တော့် အတ္တတွေများလား ...

မရယ် ...
ရင်ခုန်ပြီး အိပ်မပျော်ခဲ့တဲ့
ရည်းစားဦးညတွေကို သတိရလိုက်တာဗျာ ...
အခုတော့ .. ကျွန်တော်
အလွမ်းညတွေကို
အိပ်မရနိုင်ပဲ ဖြတ်သန်းနေရတယ် ....

မရယ် ....
အခြေအနေတွေပြောင်းသွားတော့
မနက်ဖြန်ဆိုတာတွေမှာ
ကျွန်တော့်အတွက်
ဘာများ အဓိပ္ပါယ် ရှိတော့မှာလည်း ...
ဟန်ဆောင်ရယ်မောရတာလည်း
ရင်နာတယ်ဗျာ ....
မျက်နှာဖုံးတပ်ထားရတာ အသားကျနေသလို
ငိုကြွေးရတာလည်း ခဏခဏပါပဲ ...

မရယ် ...
တမ်းတလိုက်ရတာဗျာ
နှိုင်းဆမရတဲ့ ခံစားချက်တွေက
ဘာလို့ များ ပျောက်ကွယ်မသွားတာလဲ
ဘာလို့ များ .... ဘာလို့ များ
စိမ်းစို လတ်ဆတ်နေရတာလဲ ....

တစ်ဘက်စွန်းကျရင်
လူဟာ ... အရူးတစ်ယောက်လို ပဲတဲ့
ကျွန်တော်လဲ ... အခု
အမည်တပ်မရတဲ့ အရူး ..
အရူး .. တစ်ယောက်ဖြစ်နေပြီဗျာ .....

ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်လေ
တစ်ခါသုံး နှလုံးသားပဲတပ်ထားချင်တယ်
အဖြစ်အပျက်တွေကို မှတ်ပေးတဲ့
ဦးနှောက်ကြီးလည်းပါတာပေါ့ ...

အခုတော့ .... မရယ် ...
လွမ်းတယ် ... တစ်အားပဲ
ပြီးတော့ .. မေ့ချင်တယ်
ကျွန်တော်ကြိုးစားနေပါတယ် .....

2 comments:

ရှမ်းမလေး said...

ထပ်ပြောဦးမယ်.. disposable heart ကို သဘောကျလို့.. :)

. said...

ခံစားချက်တော်တော်ပါ သလို ထင်မိတယ်....... ထိတယ်ဗျ...

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....