Wednesday, February 4, 2009 By: မင်းနေဝေး

ဝိဥာည်တစ်ခုရဲ့  လိုအပ်ချက်

ကမ္ဘာမြေကြီးရယ်
ကျေးဇူးပြု၍တံခါးဖွင့်ပေးပါ
ကျွန်တော့်နှလုံးသားမွန်းကျပ်နေတယ် ...
တိုးတက်နေတဲ့ အိုင်တီခေတ်မှာ
ကျွန်တော့် စိတ်ကူးတွေ
ငမိုးရိပ်မိကျောင်းစီးပြီး
စောင်းတစ်လက်နဲ့ 
ရင်ကွဲပက်လက် ငိုညည်းချင်ခဲ့တယ် ....

ပင်လယ်ပြင်ကြီးရယ်
ကျေးဇူးပြု၍ တံခါးဖွင့်ပေးပါ
ကျွန်တော့်နှလုံးသား မီးတောက်နေတယ် ...
တိုးတက်နေတဲ့ စာပေခေတ်မှာ
ကျွန်တော့် ကဗျာတွေ
အသဲကွဲ လွမ်းချင်းနဲ့ 
ငိုချင်း ရှည်ချင်ခဲ့တယ် ...

နည်းနည်းဖြစ်ဖြစ်ပေါ့
ပန်းသီးတစ်လုံးရဲ့ ရင်ထဲကို
ဓါးစိုက်ထားချင်တယ် ..
နွေဦးရဲ့ လေရူးတွေထဲမှာ
ရော်ဝါရွက်လို ကခုန်ချင်တယ် ...
ကွန်ပျူတာရဲ့  မန်မိုရီထဲကို
အကြည်တော်ရဲ့ စကားလုံးတွေ
ပြွတ်သိပ်ထည့်ထားချင်တယ် ...
အခန်းထဲမှာရှိတဲ့ ၀ှိုက်ဘုတ်ကို
အနားတွေဖြုတ်ထားချင်တယ် ...
တပ်ထားတဲ့ မျက်မှန်ကိုလည်း
ရိုက်ခွဲချင်တယ် ....
ပုံစံတစ်ကျဖြစ်လာတဲ့ လူ့ ဘ၀ကို
မုန်းတယ် ....

ကောင်းကင်ကြီးရယ်
နည်းနည်းလောက်ငိုကြွေးပေးပါ
ကျွန်တော့်ရဲ့  ၀ိဥာည်
ကမ္ဘာကြီးပေါ်မှာ ကခုန်ချင်လို့ ပါ ..
ဒီ လူ့ လောကကြီး တည်ရှိသရွေ့ ပေါ့ ...

4 comments:

Anonymous said...

ဖတ်ကြည့်တာပါ .. မဆိုးပါဘူး

ရှမ်းမလေး said...

ဒီ တစ်ပုဒ်လဲ အောက်ဆုံးအပိုဒ်ကြိုက်တယ် ဟိ :)

Anonymous said...

ဒီတစ်ပုဒ်အကြိုက်ဆုံးပဲ :)
PS: မျက်မှန်တော့ ရိုက်မခွဲလိုက်ပါနဲ့ကွယ် ငါ့သားလေး မွေးတုန်းကအကောင်းပါ ဖြစ်နေအုံးမယ် :P

. said...

ကျွန်တော်လည်း အောက်ဆုံးအပိုဒ် လေး ကြိုက်တယ်..

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....