Friday, June 12, 2009 By: မင်းနေဝေး

အရိပ်လူ ....

ကောင်မလေးရေ
မြင်တွေ့နေပါလျှက်နဲ့
ကြည့်ခွင့်မရှိတဲ့ .. ငါ
နင့်အပြုံးတွေကိုပဲ
ခိုးကြောင် ခိုးဝှက် သိမ်းဆည်းနေရမှာပေါ့ ...

ရေစီးထဲမှာပါတဲ့ ပန်းလို
လှတော့ လှပါတယ်
ငါ့အဖြစ်က ကမ်းပျောက်နေတယ်လေ ...

လမ်းမရှိတဲ့ နင့်ဆီကို
အလှမ်းမညီတဲ့ ခြေလှမ်းနဲ့
ငါ .. ဘယ်လိုများ လာခဲ့ရမှာလည်း ..

ရောက်လာမှာကို ကြောက်နေတဲ့
မင်းရဲ့ နှုတ်ခမ်းတွေအတွက်လည်း
ငါလေ .. ပန်းတစ်ပွင့် မဟုတ်ခဲ့ဘူး ....

ကောင်မလေးရယ်
အဝေး တစ်နေရာကပဲ
အလွမ်းပန်းကို
လူမသိ သူမသိ
မျှော်လင့်နေမယ့် လူတစ်ယောက်ကို

နင်ကလေ ...
လှမ်းလို့တောင် မငဲ့လင့်ခဲ့ဘူး ....

3 comments:

ခမ်းကီး said...

အဟမ်း.. အဟမ်း...
အဲသလို ကြုံရဖန်များလွန်းတော့ အံတိုနေပြီလို့ ပြောကြသလိုပေါ့.....

(ကျေးဇူးတင်ပါတယ်)

ဗန်ပိုင်းယား said...

ရေစီးထဲမှာပါတဲ့ ပန်းလို
လှတော့ လှပါတယ်
ငါ့အဖြစ်က ကမ်းပျောက်နေတယ်လေ ...

လှလိုက်တဲ့စကားလုံးလေးတွေ

မယ့်ကိုး said...

လှမ်းလို့တောင် မငဲ့လင့်ခဲ့ဘူး ....

ရိုးသလိုနဲ့ ဆန်းတဲ့ ဒီအသုံးလေးကို သဘောကျမိပါတယ်။ ကဗျာလေးကိုလည်းပဲ....

အားပေးလျက်

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....