Saturday, June 27, 2009 By: မင်းနေဝေး

သက်ဆုံးထိ ...

မကြေငြာခဲ့တဲ့ အလွမ်းခန်းပါ ..

မနက်ဖြန်တွေတောင် အရောင်မဲ့လို့
လရောင် ခင်းကျင်းချင် .....

ဒီရေမဟုတ်ခဲ့ပါဘူးလေ ...

အတက်အကျ မရှိ
အတိအကျမသိရတဲ့ အချစ် ...

နေနှင့်ပေါ့လေ
အတိတ်ပြန်လှည့်ကြည့်လို့ မြင်မယ်ဆို
ငါလည်း .. နောင်တတွေ ပြန်သိမ်းချင်တယ် ...

သိခဲ့ပါရစေ ကောင်မလေးရေ ...

ငါလွမ်းနေတာ ...
လမ်းမှန် ကမ်းမှန်မှ ဟုတ်ရဲ့လား .....

ငါ့မှာတော့ သေချာတာတစ်ခုပဲရှိတယ် ..

ချစ်တယ် ... ကောင်မလေးရယ် ...

3 comments:

မယ့်ကိုး said...

မနက်ဖြန်တွေတောင် အရောင်မဲ့လို့
လရောင် ခင်းကျင်းချင် .....

ကျွန်မပဲ ဝါကျတွေကို ဖြတ်တောက်သုံးနေတယ်မှတ်တာ ကိုယ်နဲ့ တူသူလာတွေ့ တော့ သဘောကျသွားပါတယ်။

ရှမ်းမလေး said...

ချစ်ပါ ချစ်ပါ မတားပါဘူး ဟီး ဟီး ...

မင်းအိမ်ဖြူ said...

ကောင်မလေးကို တော်တော် ချစ်တာပဲ

ကဗျာလေးတွေ ကရင်ထဲကလာတော့

ကောင်မလေး ရင်ထဲကိုထိမှာပါဗျာ

ကျွန်တော့်သူငယ်ချင်း ကဗျာ ဆရာတစ်ယေက်လည်း ရှိတယ် ကောင်မလေးတွေဆို ၀ိုင်းဝိုင်းကို လည်လို့ဗျ..
ကျွန်တော့်စာတွေက စိတ်ညစ်စရာနော် .....
တက်နိုင်ဘူး ကိုယ်မှ ကဗျာ မရေးတက်တာ....

ရေးတက်ကြတာ လေးစားပါတယ်ဗျာ
မင်းအိမ်ဖြူ

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....