Tuesday, June 23, 2009 By: မင်းနေဝေး

နင် ... မရှိခြင်းရဲ့နောက်

ထားခဲ့ပါလေ ...

ခံစားမှုမဲ့နေတဲ့
နှလုံးသားဆီကို
ယူဆောင်လာခဲ့တဲ့ သံယောဇဉ်
မင်းပဲ ချည်နှောင်မှု ရုတ်သိမ်း
နောက်ဆုံး ခြေလှမ်းများနဲ့ .....

အတိတ်ကိုပြန်တမ်းတ
သွားခဲ့တဲ့လမ်းတွေလည်း
ေ၀၀ါးဝါး ...

ငါ့မျက်ဝန်းအိမ်မှာလေ
ရာသီမဟုတ်ပဲ ကျတဲ့မိုး
အဲ့ဒီအတွက်နဲ့
အနာဂါတ်ကို ဘယ်လိုရင်ဆိုင်ရမှာလည်း ...

ကောင်မလေးရယ် ...
နင်မရှိပါရင်
အချိန်မတိုင်ခင်သေဆုံးခြင်းနဲ့
ငါလည်း ..
ချစ်ခဲ့ခြင်းမှာ .. နောင်တမဲ့ ...

အကြိမ်ကြိမ် နေခဲ့ပေမယ့်
လွမ်းဆွတ်ခြင်းက
ရှင်လျှက်နဲ့ သေစေသလို ....

နေသာပါတယ်လေ
ငါ့အတွက်တော့
ရင်ခုန်ခြင်းမဲ့နေလည်း
အသွေးအသားက ချစ်နေစဲ ...

3 comments:

ဇော် said...

ကဗျာက ခေါင်းစဉ်မှာထဲကိုက စိတ်ဝင်စားဖို့ကောင်းတယ်။
ဖတ်ပြီးတော့လဲ စိတ်ထဲမှာ တစ်ခုခုကို ထပ်ပြီး ခံစားရပြန်တယ်။
ရေးတတ်တယ်ဗျာ။ =)

မင်းအိမ်ဖြူ said...

နေသာပါတယ်လေ
ငါ့အတွက်တော့
ရင်ခုန်ခြင်းမဲ့နေလည်း
အသွေးအသားက ချစ်နေစဲ ...

ရင်ခုန်ခြင်းတွေ မဲ့နေတဲ့အထိ ချစ်နေဆဲ ဆိုတဲ့ အသုံး လေးကို အရမ်းသဘောကျပါတယ်

ရှမ်းမလေး said...

ဟိုက် ထိပဟ...

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....