Saturday, June 20, 2009 By: မင်းနေဝေး

အပိုင်း - ၀ + ၁ = ?

ရင်ခုန်ခြင်းပဲပေါ့ ... သူစတဲ့ဇာတ်ကို သူ့ကိုပဲ ပြန်ရှင်းခိုင်းဖို့ ပြောရတော့မယ် ... အသေအလည်း ပြောပါမှ အင်တင်တင်နဲ့ မင်းဖွင့်ပြောလိုက်တော့တဲ့ .... လွယ်လိုက်တာဗျာ .. သူမပြောရတဲ့အတိုင်းပဲ .. ကောင်မလေးတစ်ယောက်ကို ချစ်ပါတယ်ပြော ဘို့ဆိုတာ .... ကျွန်တော့်အတွက်တော့ ဆေးထိုးခံရမယ့်လူလိုပါပဲ .. သက်သာမယ်မှန်းတော့ သိတာပေါ့ .. နဲနဲနာမှာတော့ ကြောက်သေးတယ် .. :P . ... ကဲဘယ်လိုလုပ်ရပါ့မလည်းပဲ ...


"အချစ်နှင့် စစ်မဖြစ်ရဲပါ "


ရင်ခုန်ခြင်းရယ် ..
သတ်သတ်မှတ်မှတ်နဲ့
ဦးတည်ပြီး
နင် .. ရက်စက်လိုက်တာ

ငါဆိုတဲ့ ငါကလည်း
မလိမ့်တပတ်နဲ့
ကိုယ့်ကိုကိုယ်ညာနေတာ
အိပ်မရခြင်းရဲ့ သားကောင်တောင်
ဖြစ်မှန်းမသိဖြစ်နေပြီ ..

မျက်လုံးစုံမှိတ်လို့
ကောင်မလေးရေ .. ချစ်တယ် ...
အသံကုန်အော်ဟစ်ပြီး
ပြောခဲ့ပေမယ့်လည်း
စိတ်ကူးယဉ်ခြင်းက အသံမထွက်ခဲ့ဘူး ....

သတ္တိကို အကြိမ်ကြိမ်မေးပြီး
နင့်ရှေ့ကိုရောက်ခဲ့ပေမယ့်
သူ့အဖြေက
နင့်ရှေ့မှာ .. အရာမ၀င်ခဲ့ဘူးလေ ....

ခက်တယ် .. ကောင်မလေးရယ်
ငါကတော့လေ
ချစ်ခြင်းကို
ဖွင့်လှစ်ပြမယ့်အစား
ကိုးတောင်ကျားနဲ့သာ ကစားလိုက်ချင်တော့တယ် ...


အဲ့လိုပဲစဉ်းစားမိတော့တယ်ဗျာ .. ကျားနဲ့ကစားလို့ရတဲ့ ဒဏ်ရာကမှ ကုရင်ပျောက်မယ် .. မထင်မှတ်ပါပဲ ဝေးကွာခဲ့ရင် .. သရဲဘောကြောင်တယ်ဆိုရင်လည်း ... ကျွန်တော်သည် ကျွန်တော်ချစ်မိသူ၏ရှေ့တွင် ခေါင်းဖွက်တတ်သောလိပ်တစ်ကောင်သာ ....

(ဆက်ရန်မရှိ)
ဒီနေ့အတောအတွင်း .... :D

3 comments:

ဗန်ပိုင်းယား said...

ဂွတ်တယ် ... ဟိ သရဲဘောင်ကြောင်နဲ့ . .ဘော်ဒူဇာတော့ ကြောက်ဗျ... ဟီဟိ

ဝက်ဝံလေး said...

အင်း.. အင်းးး ယူကို သုံးပစ်ဦးမယ် ဝတ္ထုထဲမှာ ဟဟဟ တကယ်ပြောတာ တကယ်သုံးမှာနော် သုံးရင်တော့ လာအော်မယ် သိလား ချီးဘောက်ထဲမှာ အဲလေ စီဘောက်ထဲမှာ ဟဟဟ

ရှမ်းမလေး said...

တကယ် ကစားမှာလား ကိုးတောင်ကျားနဲ့.. နင်ပြောတာနော်... ငါ ဆက်ကပ်ထောင်ရင် နင့်ကို ကန်ထရိုက်နဲ့ခေါ်ထားမယ် ... :P

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....