Wednesday, June 17, 2009 By: မင်းနေဝေး

မှားလား

ကောင်မလေးရယ်
ရင်ခုန်သံ နှစ်လွှာပေါင်းဖို့
ဘယ်လို အိပ်မက်ကိုများ
တစိုက်မက်မက် တူးဖေါ်နေရမှာလည်း .....

မမြင်နိုင်တဲ့ အနာဂါတ်မှာ
တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်နေခွင့်လေး
ငါ ဘယ်လောက်များ မျှော်လင့်နေရမှာလည်း ....

မျှော်လင့်ချက်အတွေးတွေမို့
ဒီမေးခွန်းတွေအတွက်
နင်မဖြေချင်လည်း .. နေနိုင်ပါတယ်လေ ....

ငါ့အတွက်တော့
အတိတ်ကဆိုးခဲ့တဲ့
အိပ်မက်တွေကို
အစကနေပြန်မက်ခွင့်ပေးပါ ..

နင်နဲ့ သက်ဆိုင်သော
ဘာသာစကားကိုသာ ငါပြောချင်လို့ပါ ....

မသိလိုက်ပါပဲ ဖြစ်တည်လာတဲ့
ဘယ်ဘက်ရင်အုံက အသံတွေ
နင့်ကို ချစ်ခဲ့ခြင်းတွေ ဖြစ်မယ်ဆိုရင်
ငါလေ ... စိုးရိမ်စွာနဲ့
ပျောက်ကွယ်မှာ ကြောက်မိတယ် ....

နောက်ကွယ်မှာ မင်းရီနေနိုင်တယ်
ပေါ့ပျက်တယ်ထင်ရင်ပေါ့ ....

ငါကတော့လေ
ပြောမပြတတ်တဲ့ ဒီခံစားချက်နဲ့ပဲ
နင့်အနားမှာ အရိပ်လိုနေထိုင်ချင်တယ် .........

ဟုတ်တယ် ..
.....အရိပ်တစ်ခုလို နေထိုင်ချင်တယ် .....

2 comments:

ဗန်ပိုင်းယား said...

ဟတ်ထိတယ် .... အဲလိုကဗျာလေးတွေ ကြိုက်မှကြိုက်...

ဝက်ဝံလေး said...

ကဗျာလေးလာခံစားသွားတယ်နော် သိလား နောက်တခါ ညီမ ဝတ္ထုရေးရင် ပေးသုံးမလား ဟင်

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....