Wednesday, June 17, 2009 By: မင်းနေဝေး

အပိုင်း - ၁

မျှော်လင့်ချက်ရှိမှ အသက်ရှင်ရတာ အဓိပ္ပါယ်ရှိတာလား .. အလိုမတူပါပဲ ရွာသွန်းခဲ့တဲ့ မိုးအတွက် ရင်ခုန်ခြင်း
တိုးတိုးတိတ်တိတ်ဖြစ်ခဲ့ရတယ် ... အရိပ်လိုပဲ စောင့်ကြည့်ရင်းနဲ့ မသိလိုက်ခြင်းက အချစ်ကို ဖြစ်တည်စေခဲ့
တယ် ... စိုးထိပ်ခြင်းက မြိုသိပ်မှုကို မွေးဖွားခဲ့တယ် ... လိုရင်းကတော့ ကျွန်တော်သူ့ကိုချစ်မိခြင်းနဲ့အတူ
ဆုံနိုင်ခွင့်ကို မျှော်လင့်တတ်လာတယ် ....

" မစလိုက်ရတဲ့လမ်းဆုံး "

ညတာရှည်ခြင်းမှာ
နေရခြင်းရဲ့ ဘ၀ကဆိုးတယ် ...

အိပ်မက်ကို တမ်းတပါတယ်
တိတ်ဆိပ်ခြင်းက
အတွေးကို ဖြစ်စေလို့
ချစ်ခြင်းကို လေးနက်စေတယ် ....

ငါလည်း လေ
နေတတ်ပါတယ် ကောင်မလေးရယ် ...

အဖြေရခက်နေပင်မယ့်
ရင်ခုန်ခြင်းရဲ့ အဆုံးစွန်မှာ
အလွမ်းရှိတယ်ဆိုတာ
မြင်တတ်ပါတယ် ....

နင်သိပါစေလေ ....
ငါဆိုတဲ့ ငါကလည်း
လေပြေညှင်းရဲ့
အနားသတ်မှာ
ပျံသန်းခွင့်ရမယ်ဆိုရင်ပဲ
ကြွေလွင့်ရကျိုး နပ်ခဲ့မှာပါ .... ကောင်မလေးရယ် .....

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....