Friday, June 26, 2009 By: မင်းနေဝေး

လွမ်းနေမယ် ....

ချစ်သူ ...
မင်း တစ်ယောက်
သိပါစေလေ ...

မရေရာခြင်းနဲ့အတူ
သေချာခြင်း ထပ်တူပါတယ်
နေရခြင်း အဓိပ္ပါယ်
မင်းရှိမှ ပြည့်စုံလိမ့်မယ် ...

မရှောင်ရှား ဝေးပေမယ့်လည်း
စက္ကန့်မလပ်
ရင်ခုန်သံ တူညီပါတယ်
မြင်ရုံနဲ့ သိနိုင်ပါတယ်လေ ..

ချစ်သူရယ်
နေသာတဲ့ အရပ်မှာနေပါ
ဖြေသာပေမယ့်
ဝေဒနာ တစ်စခန်းက
ငါ .. နားမှ ဖြစ်လိမ့်မယ် ...

တစ်ယောက်သောသူကို လွမ်းရန်ပေါ့ ......

3 comments:

မင်းအိမ်ဖြူ said...

နေသာတဲ့ အရပ်မှာနေပါတဲ့လား

ဖတ်စေချင်သူ ဖတ်နိုင်ပါစေဗျာ........

တစ်ယောက်သောသူ လည်း လွမ်းနေပါတယ်တဲ့ဗျာ

မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

s said...

ကဗျာလေးတွေဖက်သွားတယ်နော် ကိုမင်းနေ. လင့်ခ်ထားလိုက်မယ်၊ စန္ဒာယားလည်း အ၀တီးသွားတယ် နားညီးသွားလားပာင် တစက်မှ တီးတက်တာမပာုတ်ဘူး ခွီး ခွီး ခွိ

ရှမ်းမလေး said...

မကြည့်ရက်တော့ဘူး ဟီ ဟိ သွားပြောပေးမယ်.. လိပ်စာပေးလေ..

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....