Wednesday, July 1, 2009 By: မင်းနေဝေး

((( သူမသို့ <<< ၂ >>> )))

တစ်မိုးထဲအောက်
နှစ်ယောက်လုံးနေရပါလျက်
ထွေပြား တတ်တဲ့ ကံကြမ္မာကြောင့်
နင်ေ၀၀ါးနေတာလား …..

အဖြေစကားတစ်ခွန်းတည်းပါ
သေချာလွန်းတဲ့ ငါ့အတွက်တော့
အချစ်ဆိုတာ
မရေရာတဲ့ ပျက်လုံးမှ မဟုတ်ခဲ့ဘဲ ….

ဦးတည်ချက်တစ်ခုနဲ့ ရွာခဲ့တဲ့ကောင်းကင်

စိုစေချင်လွန်းကာမှ

ထီးတစ်လက်အောက်ရောက်နေတဲ့
တို့နှစ်ယောက်ဘဝ

ဘယ်တော့များမှ မိုးရေစိုရမယ်မသိ ……

အခုတော့လည်း လေ ….

မရွာတတ်တဲ့မိုး ….

အစိုးမရတဲ့ ကောင်းကင် ….

မိုးခ ချင်နေတဲ့
ဟောဒီ ရင်ခွင်တစ်စုံ ….

နင်ကြုံ သလိုသာ
ပြုစားလိုက်ပါတော့ ကောင်မလေးရယ် …


 ( အတူတူပဲနော် .. ဒီတစ်ပုဒ်လည်း ... အဟီးးး )

5 comments:

Yu Ya said...

ကြုံသလိုသာ ပြုစားသွားပါတော့တဲ့လား ကို မင်းနေဝေးရယ်...

yu ya

minneainphyu said...

ပြောချင်တော့ဘူးနော် ကဗျာဆရာ

မယ့်ကိုး said...

ထူးခြားတဲ့ အတွေး...မိုးရွာစေချင်သတဲ့။
ဦးတည်ချက်တစ်ခုနဲ့  ရွာခဲ့တဲ့  ကောင်းကင်တဲ့။

အတွေးလေး ကြိုက်ပါတယ်။

ဗန်ပိုင်းယား said...

တည့်၂ ရွာချတာတောာင် .. ထီးက ခံနေသေးတယ် .. မစိုဘူးဆိုတာသေချာရင် .. asahi ဖြစ်မယ်.. ဟိ

ရှမ်းမလေး said...

သြော် ဆိုးလိုက်တဲ့ ဘ၀ ... နင့်ထက်ဆိုးတဲ့ လူတောင် နင့်လောက်မဆိုးဘူး ဘယ့်နှယ့်တော် ပြော မပြောချင်ဘူး နာနော်... ဟင်း ဟင်း

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....