Friday, July 31, 2009 By: မင်းနေဝေး

<< အလွမ်းငှက်ရဲ့ ဂီတ >>

ရွတ်ဆိုတဲ့ အသံ
ကာရံမညီ မပီသပေမယ့်
ဒီတစ်ခွန်းတည်းပါပဲ
... ချစ်တယ် ...

ဦးတည်ရာမဲ့ အတွေးနဲ့
လေသင့်ရာ လွင့်ခဲ့ ဖူးပေမယ့်
ဒီတစ်ကိုင်းတော့လည်း
နားခဲ့ချင်တယ် ... နောင်တမဲ့ .....

အသံသာသာ မသီကျူးတတ်ခဲ့
ဗြောင်းဆန်အောင်ချစ်ခဲ့ပေမယ့်လည်း
မနေတတ်မထိုင်တတ်တဲ့
ဇါတ်ပေါင်းတိုင်း
ဒီသီချင်းက လွမ်းတယ် ......

ကဲ ..
ဘာကိုများတွယ်တာနေတာလည်း ..

တေးသွားအတိုင်း လှုပ်ရှား
မနားခဲ့ရတဲ့
ဒီ .. နှလုံးသားကလေ

နင်လှမ်းသွားတိုင်း
လွမ်းတယ် .......

2 comments:

မယ်ကိုး said...

တစ်နေ့ တည်းမှာ အချစ်ကဗျာ နှစ်ပုဒ်တောင် တင်တယ်နော် :)

မနေတတ်မထိုင်တတ်တဲ့
ဇါတ်ပေါင်းတိုင်း
ဒီသီချင်းက လွမ်းတယ် ......

နင်လှမ်းသွားတိုင်း
လွမ်းတယ် .......

ဒီကဗျာလေးလည်း ရင်ထဲရောက်တယ်။ ကောင်းသောနေ့ ပါရှင်။

ရှမ်းမလေး said...

တကယ်ကြီးလား.. ???
အေးပေါ့ နင်က မွေးရာပါ လွမ်းနာကျရောဂါရနေတာကိုး..
ဒါနဲ့စကားမစပ်... ကဗျာလေးက ကောင်းတယ်..

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....