Tuesday, July 14, 2009 By: မင်းနေဝေး

..... ရုတ်တရက်ကြွေတဲ့ ကြယ် .......





ငါလေ ... ရင်ခုန်တတ်ပါရဲ့
ထိမ်းသိမ်းခဲ့တဲ့ သံယောဇဉ်
ခိုင်မြဲလာလို့ ... ချစ်မိမှာစိုး ......

ငါလေ ... ပြောတတ်ပါရဲ့
ချစ်ခြင်းစကား
ပေါ့ ပျက်တယ်ထင်မှာစိုးလို့
မြိုသိပ်မှု .. မိုး ....

အကြိမ်ကြိမ် ရွာသွန်းပါလျှက်
စီးဆင်း မဲ့မြစ်ရေ
ငါကလေ .. ကမ်းပျောက်တဲ့
စက္ကူလှေငယ် ......

ယုံကြည်ပါလို့လည်း
ဘယ်တော့မှမဆို
ငါကလေ ...
လိမ်တတ်တဲ့ .. ဂစ်တာအို ...

ငြိမ်သက်နေပါတယ်
ငါကလေ ...
သံယောဇဉ်မြင်လို့
အချစ်ကို မျှော်နေမိသူ.......

2 comments:

ရှမ်းမလေး said...

သံယောဇဉ်ကို မြင်လို့ အချစ်ကို မျှော်နေမိသူ .. ဆိုတာက ??? အင်း တစ်ခုခုတော့ တစ်ခုခုပဲ ...

မယ့်ကိုး said...

အမြန်လာကြင်နာလှည့်ပါ ..
သင်္ခါရတရားလေး မကုန်ဆုံးခင် ....

အသုံးအနှုန်းကော အတွေးလေးကော ကြိုက်သွားပြီ။
အားပေးနေပါတယ်။

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....