Friday, July 24, 2009 By: မင်းနေဝေး

<<<< ရင်ကွဲကာမှ >>>>

လွမ်းရမှာ သိပါလျှက်နဲ့
ရှေ့ကိုပဲတိုးနေမိတဲ့ .. ရင်ခုန်သံတွေ ...
အကြိမ်ကြိမ်တွေးလည်း
နှစ်ထပ်မရှိတဲ့ ချစ်ခြင်းမို့
ဒီတစ်သက်စာပေးခဲ့ချင်မိတာ ....

မပြောင်းလဲနိုင်တော့တဲ့ကံရယ်
တွေ့ဆုံခြင်းကို နောက်ကျစေနိုင်လွန်းတယ် ....

စောစီးစွာ ရင်ခုန်ခွင့်ပေးခဲ့ရင် ....

မတွေဝေခဲ့ပါဘူး ..
ရှိပြီးသား ကံတရားကို ...
ငါလေ ... ဗီလိန်မဖြစ်ချင်ခဲ့ပါဘူး ....

သံယောဇဉ်အသံ
မကြားတစ်ချက် .. ကြားတစ်ချက်နဲ့
မမြင်နိုင်တဲ့ အနာဂါတ်မှာ
မမြင်ရမှာကို စိုးရိမ်ပြီး
ဒီမျက်ရည်က .. ငွေ့ရည်ဖွဲ့ချင်နေတယ် ...

ဆွေးချင်လည်း ဆွေးပါစေလေ
အနယ်မထိုင်တဲ့ .. ခံစားချက်ကို
စိတ်တူကိုယ်တူ
..... မျောလွင့် စေတော့မယ် ....


6 comments:

s said...

ဆွေးချင်လည်း ဆွေးပါစေလေ
အနယ်မထိုင်တဲ့ .. ခံစားချက်ကို
စိတ်တူကိုယ်တူ
..... မျောလွင့် စေတော့မယ် ....

အကို မင်းနေဝေး ဒီ အပိုဒ်လေးးကို ပိုကြိုက်တယ်သိလား~~ခံစားချက်နဲ့ရေးထားတာမို့ထင်တယ် ကဗျာလေးကကောင်းတယ်။း)

ရှမ်းမလေး said...

မမြင်နိုင်တဲ့အနာဂတ်မှာ
မမြင်ရမှာကို စိုးရိမ်ပြီး
ဒီမျက်ရည်က ငွေ့ရည်ဖွဲ့မှတော့
ဘာမှ မမြင်ရတော့ဘူးပေါ့ဟယ်
နင်ကလည်း ဂယ်ပဲ...
နည်းနည်းတော့ စိတ်ထိန်းပါဦး ..
ပစ္စည်းသင်္ခါရ လူသင်္ခါရ ပေါ့
အဲ ဆိုင်လားတော့ မသိဘူး ဟီး ဟီး
ငါလည်း အားပေးကြည့်တာ..
aja aja fighting ..

မင်းနေ said...

အားဂျီး သင်္ခါမရနိုင်ပါဘူး .... သင်ခါရတာ ကျောင်းသားတွေပါဟာ ... သင်တုန်းအခါပဲရ
ကျန်တဲ့အချိန်မေ့ ....
လာဖတ်တဲ့အတွက် ကျေးဇူးပါ ....

မယ့်ကိုး said...

သံယောဇဉ်အသံ
မကြားတစ်ချက် .. ကြားတစ်ချက်နဲ့
မမြင်နိုင်တဲ့ အနာဂါတ်မှာ
မမြင်ရမှာကို စိုးရိမ်ပြီး
ဒီမျက်ရည်က .. ငွေ့ရည်ဖွဲ့ချင်နေတယ် ...

စကားလုံးလေး လှတယ်။ ကဗျာလေး ကြိုက်တယ်။ ငွေ့ရည်ဖွဲ့ ဆိုတဲ့ စကားလုံးလေး ကြိုက်တာချင်လည်း တူတယ်။

ကျွန်မလည်း သုံးခဲ့ဖူးလို့  ရင်ထဲပိုထိသွားပါတယ်။

ဇော် said...

မင်းနေ
ကဗျာလေး တကယ်ကောင်းတယ်နော်။

ဇော် said...

ဖတ်ပြီး ရင်ထဲမှာတောင် မကောင်းဖြစ်သွားမိတယ်။

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....