Friday, July 17, 2009 By: မင်းနေဝေး

..ထီးတစ်လက် ...

တစ်ရာသီလုံး စွေခဲ့တဲ့မိုးကြောင့်
ဒီအလွမ်းတွေ စိုစွတ်နေရတယ် ..

ပျိုးအသစ်စိုက်တိုင်းသာ
ပန်းအကုန်ပွင့်ရမယ်ဆို
ကမ္ဘာရယ် ..
နင်လည်းတော်တော်လှနေရော့မယ် ....

မိုးမခတဲ့ ရင်ခုန်သံတဲ့လေ
တစ်ဘ၀စာအတွက်
ရွာသွန်းခဲ့ပေမယ့်
ခြောက်သွေ့အက်ကွဲစဲ ....

သြော .. အနမ်းရယ်
နင်မျက်နှာလွှဲတိုင်း
တစ်ခန်းရပ်သေဆုံးနေရတဲ့ .. ငါပါ ...

ရွာနေချင်တဲ့ ..
ဒီ .. မိုးအတွက်လေ ..

နင်မစိုခဲ့ချင်ရင် ..

ငါ့နှလုံးသားကိုပဲ ထုတ်ယူ
မင်း ...
...... မိုးခိုနေလိုက်ပါချစ်သူ ....

7 comments:

မင်းနေဝေး said...

ဖတ်ကြည့်ပြီးတော့ .. ရေးပြီးသားကဗျာတစ်ပုဒ်နဲ့ တော်တော်တူနေတယ် :P .....

ရှမ်းမလေး said...

အပေါက်ကြီးလားလဲ မသိပါဘူး မိုးကောလုံရဲ့လား နင့်ဟာက...

s said...

ကဗျာလေး ကြိုက်တယ် အစ်ကို မင်းနေဝေး ရေ......
ခံစားချက်နဲ့ရေးထားလို့နဲ့ တူတယ် စာလုံးတွေ လှတယ်၊ ဆုကတော့ အဲဒီလိုရေးတက်ဘူး

မင်းအိမ်ဖြူ said...

ထီးတစ်လက်ဆိုတော့
မဆီမဆိုင် ချစ်သူကိုသတိယမိသား

မိုးရာသီမှာ ချစ်သူမွေးနေ့ လေ
အဲဒီတော့ မိုးရာသီတိုင်း ထိးတစ်လက် ၀ယ်ပေးနေကြ
အခုတော့ ဒီမှာ ထိးမလိုတော့
သူလည်းဂျာကင်ပြောင်းဝတ်သွားပြီ P:

နောက်ထီးကိုးလက်ဆိုရင်တော့ ကျောင်းက မရှိတော့ တဲ့ ကန်တင်းပေါ့ဗျာ

ပျော်ရွှင်ပါစေ

Yu Ya said...

“ပျိုးတိုင်းသာ ပန်းအကုန်ပွင့်ရမယ်ဆိုရင်...” ဆိုတဲ့ အဖွဲ့လေးကို နှစ်ခြိုက်မိပါတယ်ခင်ဗျာ။

ကျေးဇူးတင်စွာဖြင့်
yu ya

မယ့်ကိုး said...

ပျိုးအသစ်စိုက်တိုင်းသာ
ပန်းအကုန်ပွင့်ရမယ်ဆို
ကမ္ဘာရယ် ..
နင်လည်းတော်တော်လှနေရော့မယ်


စာပိုဒ်လေး တစ်ပုဒ်ချင်းဆီရော ....ကဗျာလေးကော ကြိုက်ပါတယ်။ အားပေးလျက်

ဇော် said...

အဓိပါယ်ရှိတဲ့ကဗျာတစ်ပုဒ်ပါပဲ။

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....