Saturday, July 11, 2009 By: မင်းနေဝေး

ရှိုက်ခွင့်မရှိ

အလှမ်းသင့်လို့
ကမ်းလင့်တယ်ထင်မှတ်သလား
မနမ်းဘူးတဲ့
ဟောဒီ နှုတ်ခမ်းတွေမှာ
မင်းအတွက် ပန်းပွင့်တွေသာ
စီချယ်ထားတာပါ .......

ကောင်မလေးရယ်
လှမ်းမမြင်ရတဲ့ အနာဂါတ်တွေ
ငါတွေး မပူချင်ဘူး
မင်းကိုလေ ..
အဆွေးတွေလည်း
မပေးချင်ခဲ့ဘူး ......

ဝေးလွင့်နေတဲ့ ဘ၀တွေ
အလှအပတွေနဲ့ ပြန်ဆုံဖို့ဆိုတာ
ညတိုင်းမက်ခဲ့တဲ့
အိပ်မက်တွေ သက်သက်
မဟုတ်ခဲ့ဘူးလေ .....

အဖြေထွက်နေတဲ့ ပုဒ်စာ
နင်အနေများခက်နေသလား...

ငါ့အတွက်တော့
ဆုံးဖြတ်ခက်နေတဲ့
ဟောဒီလမ်းခွဲမှာ
ငါကိုယ်တိုင်ပဲ
အရှုံးကို တစ်ဖက်တွဲပြီး
အမုန်းခံဘ၀နဲ့
နေခဲ့လိုက်ပါတော့မယ်ကွာ .......

3 comments:

Anonymous said...

မရောင်လည်း ကဗျာလေးတွေကို နှစ်သက်ပါတယ်။
ဝေးလွင့်နေတဲ့ ဘ၀တွေ
အလှအပတွေနဲ့ ပြန်ဆုံဖို့ဆိုတာ
ညတိုင်းမက်ခဲ့တဲ့
အိပ်မက်တွေ သက်သက်
မဟုတ်ခဲ့ဘူးလေ .....

မောင်လေးကဗျာလေးကိုပဲ အိမ်မက်လေးတွေ အတိုင်း လက်တွေ့ဖြစ်လာပါစေ။

ရှမ်းမလေး said...

တစ်ဖက်သတ်ကြီး .. ဇာတ်ကလည်း .. နာပါ့.. :(

မင်းအိမ်ဖြူ said...

မိုက်တယ်ဗျာ စာသားတွေရော

အတွေးလေးတွေရော

ကြွေလောက်ပါတယ် ကောင်မလေးတော့

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....