Tuesday, July 14, 2009 By: မင်းနေဝေး

<<<<<< . တောင်းဆိုမှု . >>>>>>>



အသက်မဲ့နေပါလည်း
ခုန်နေစဲရင် .....
ငြိုငြင်မှု့များ ရှိခဲ့ရင်လေ
ပေးသနားခဲ့ပါ .. မြိုသိပ်ခြင်းရင်ခွင်ကို ...

လိုအပ်ခြင်းရှိရင်လည်း
ပိုနေတဲ့ တစ်ခြမ်းပဲ့နှလုံးသား
အမုန်းများ ကင်းစင်လျှက်ပါ .....

လုံးပါးပါးနေလည်း
သုံးမရတဲ့ နှလုံးသားတော့
မဟုတ်သေးပါဘူးလေ ....

တစ်စစီကျဲထား
စံပယ်ပန်းလေးများလို
ပန်ဆင်သူအကြိုက်
လှတတ်အောင်ဆင်နိုင်ပါသေးတယ် ...

မမြင်နိုင်တဲ့ ...
.. မျက်ဝန်းတစ်စုံရယ်
အမြန်လာကြင်နာလှည့်ပါ ..
သင်္ခါရတရားလေး မကုန်ဆုံးခင် .....

4 comments:

ဝက်ဝံလေး said...

ရို့ ရို့ ပြောမရို့ နာ့ဆီမှာ ယူ့ဟာက update အသစ်လဲ ပေါ်ဘူးရယ် ဘီလိုဖစ်တာတုံး နာ တချက် ပြန် စစ်ကြည့်လိုက်ဦးမယ် ဟုတ်ပလား

ဖတ်သွားတယ် နာလေ ပြောထားတယ်ဟုတ် ယူသုံးမယ် ယူသုံးမယ်နဲ့ ဘယ်နား သုံးရမှန်းတောင်မသိဘူး အိုင်ဒီယာလဲ အခုတလော မထွက်ဘူးဟယ် လေတယ် ဂယ်ပါပဲ ဟွန်းးးး

ရှမ်းမလေး said...

မမြင်နိုင်တဲ့ မျက်ဝန်းတစ်စုံရယ်ဆိုတော့ မျက်မမြင်လေးများလား .. :P

မင်းနေ said...

ဖြေးဖြေးလုပ်ပါ ငှက်ကလေးရေ .. တော်ကြာ ကဗျာကြောင့် စာပါပျက်နေမယ် :D

ရှမ်းစုတ်
လာပြီ .. မဟုတ်က ဟုတ်ကနဲ့ ...
ငြိမ်ငြိမ်ထိုင်ဖတ် ... ဆရာက အားတာမဟုတ်ဘူး ..
ကော်ပီပြန်ကူးနေရတာ :P

မင်းအိမ်ဖြူ said...

မျက်မမြင်ဟုတ်ပါဘူး ပရုတ်လုံးဖြစ်မယ် P:

လုံးပါးပါးနေလည်း
သုံးမရတဲ့ နှလုံးသားတော့
မဟုတ်သေးပါဘူးလေ ....


နောက်တာပါ စောင့်မနေတဲ့ သင်္ခါရကို
မအိုခင် မနာခင်ပြေးသာတွေ့လိုက် သူမလာတော့ ကိုယ်သွားပေါ့ဗျာ အပျော်နောက်သွားတာပါ

ပျော်ရွှင်ပါစေ

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....