Friday, July 3, 2009 By: မင်းနေဝေး

လွမ်း အရိပ်

မကြေငြာရဲတဲ့ အလွမ်းခန်းပါ

ညတွေမှာ
အိပ်မက်တွေပျော်မြူးခဲ့တယ်ဆိုရင်တောင်
မြင်ခွင့်မရှိတဲ့ .. ငါ ...

တစ်ချိန်တစ်ခါက
ပြောခဲ့တဲ့ စကားတွေကို
မိတ္တူ ကူး .. လွမ်းနေခွင့်ပဲ
ပိုင်ဆိုင်ခွင့် ရှိတဲ့ .. ငါ ..

သံယောဇဉ် ခပ်ပါးပါးကိုပဲ
ရေဖျော်ပြီး ..
နွေးထွေး ချင်နေတဲ့ .. ငါ ..

အဲ့ဒီ .. ငါ ကလေ
အလွမ်းကို သိရဲ့နဲ့
ချစ်မိခဲ့ ....

ကောင်မလေးရေ
အတိတ်မှာ နင်ကျန်ခဲ့တာလား ..

ပစ္စုပန်မှာပဲ
ငါ မရှိခဲ့တာလား ....

အနာဂါတ်မှာပဲ
ဒီ လက်တွေ .. ထွေးပိုက်ခွင့် မရှိတာလား ...


ငါကတော့လေ ...
မသိခြင်းများစွာနဲ့ လွမ်းတယ် ....

4 comments:

ဝက်ဝံလေး said...

အင်းးးး ကောင်းတယ် ဘယ်လိုပြောမလဲ ဇာတ်လမ်းမှာ ယူသုံးမယ် ယူသုံးမယ်နဲ့ မသုံးဖြစ်သေးဘူး အဲဒီ အတွက် ဇာတ်လမ်းလေး ရေးရအောင် ကော်ပီ ယူသွားတယ်နော် သိလား များ ရဲ့ ဇာတ်လမ်းလေးတွေ ထဲမှာ ထည့်မယ်လို့ပြောပြီး မထည့်ဖြစ်ဘူးနော် စိတ်ဆိုးနဲ့နော် များ စဉ်းစားလို့မရလို့ ဘယ်လို ဇာတ်လမ်းရေးရမလဲဆိုတာ ဟုတ်ပြီလား အခုတော့ ကော်ပီ ယူသွားပြီနော် ဘိုင်

မင်းအိမ်ဖြူ Minn Eain Phyu said...

သူက အတိတ်မှာ ကျန်နေခဲ့တာလား ...

ယခုလက်ရှိဘယ်မှာတုန်း

အနာဂတ် အတွက် ပါ ကြိုလွမ်းတာလား ကဗျာ ဆရာ

ကဗျာဆရာမှာ တစ်ယောက်တည်းလား သိုမဟုတ် တစ်ယောက်များစွာလား ပိုနေရင် မျှအုံး .. ဟာဟ
အလွမ်းတွေတော့ လိုချင်ဘူး ...........

( ငှက်ကလေး အလကားယူရင် မပေးပါနဲ့ ဒါဟာ မူပိုင်ခွင့် ချိုးဖောက်တာပါ ဟာဟ )

ရှမ်းမလေး said...

ဝူး ... ဘယ်မှာမှ မဟုတ်ဘူး နောက်ဘ၀ရောက်သွားတာနေမှာပေါ့ ... ခက်ပါ့... ငိုတောင် ငိုချင်လာပီ ဂယ်ပဲ ..

Unknown said...
This comment has been removed by the author.

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....